Healthy Life Ad
Health Tips

မုန်ညင်းဖြူကို ပိုစားပေးသင့်သည့် အကြောင်းပြချက်များ

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

မုန်ညင်းဖြူကို ကြော်စားတာ၊ ပြုတ်ပြီး သုပ်စားတာ၊ စွပ်ပြုတ်ထဲထည့်စားတာ စတာတွေပြုလုပ်ပေးရင် သင့်အတွက် ကျန်းမာရေးကောင်းကျိုးတွေ အများကြီးရှိပါတယ်။

(၁) အရိုးတွေကို သန်စွမ်းစေပါတယ်

မုန်ညင်းဖြူမှာ ကယ်လ်ဆီယမ်ပါဝင်မှုများတာကြောင့် အရိုးတွေကို သန်စွမ်းစေပါတယ်။ မုန်ညင်းဖြူမှာပါတဲ့ ဗီတာမင်ကေက ကယ်လ်ဆီယမ်ကို အရိုးထဲမှာရှိနေအောင် ထိန်းသိမ်းပေးပါတယ်။ ဒါကြောင့် မုန်ညင်းဖြူစားရင် အရိုးပါးရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၂) မလိုလားအပ်တဲ့ သွေးဆင်းမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်

မုန်ညင်းဖြူမှာပါတဲ့ ဗီတာမင်ကေကသွေးခဲမှုဖြစ်စဉ်ကို အားပေးပါတယ်။ ဗီတာမင်ကေမရှိရင် အလွန်အမင်း သွေးဆင်းစေနိုင်ပါတယ်။ ဗီတာမင်ကေက နှလုံးရောဂါနဲ့ ကင်ဆာမဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၃) သွေးတိုးကျစေပါတယ်

မုန်ညင်းဖြူမှာ ပိုတက်ဆီယမ်ပါဝင်တာကြောင့် ပုံမှန်စားပေးရင် သွေးတိုးထိန်းပေးပါတယ်။ သွေးဖိအား ပုံမှန်ဖြစ်တာကြောင့် နှလုံးရောဂါ၊ နှလုံးရောဂါထခြင်း (Heart Attack)နဲ့ လေဖြတ်ခြင်းတို့ကို တွန်းလှန်ပေးပါတယ်။

(၄) အဆိပ်အတောက်ဖြစ်စေတဲ့ ဒြပ်တွေကို ဖယ်ရှားပေးပါတယ်

မုန်ညင်းဖြူက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ချေဖျက်ပေးပါတယ်။

(၅) ဝမ်းမှန်မှန်သွားစေပါတယ်

မုန်ညင်းဖြူမှာ အမျှင်ဓာတ်ပါဝင်မှုများတာကြောင့် အူလမ်းကြောင်းလှုပ်ရှားမှုကို ကောင်းမွန်စေပြီး အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ အမျှင်ဓာတ်က အစာကြေညက်စေပြီး ဝမ်းမှန်မှန်သွားစေတဲ့အပြင် လိပ်ခေါင်းနဲ့ အူမကြီးကင်ဆာဖြစ်နှုန်းကို လျော့ကျစေပါတယ်။

(၆) ကင်ဆာရောဂါအန္တရာယ်ကို လျော့ကျစေပါတယ်

မုန်ညင်းဖြူစားတာက ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ မုန်ညင်းဖြူမှာ ဂလူကို စီနိုးလိတ်ပါဝင်လို့ပါ။ ဂလူကိုစီးနိုးလိတ်က ကင်ဆာဆဲလ်တွေကို တွန်းလှန်ပေးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top