Healthy Life Ad
Health Tips

ဆောင်းတွင်းကာလ ခရီးသွားစဉ် နာမကျန်းမှုမဖြစ်စေရန်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အားလပ်ရက်အပန်းဖြေခရီးသွားတာက အနားရပြီး လန်းဆန်းတက်ကြွစေပါတယ်။ ဒါပေမဲ့ ခရီးစဉ်တစ်လျှောက် နှာစေးတာ၊ နှာချေတာ စတဲ့ အသေးအမွှားဝေဒနာတွေကနေ အအေးမိတာ၊ တုပ်ကွေးဖြစ်တာစတဲ့ နာမကျန်းမှုတွေဖြစ်လာရင် ခရီးစဉ်က ဘယ်လိုမှအပန်းပြေနိုင်တော့မှ မဟုတ်ပါဘူး။ ခရီးစဉ်တစ်လျှောက်နာမကျန်းမှုကင်းပြီး တက်ကြွလန်းဆန်းနေစေဖို့ အိပ်ရေးဝ၀ အိပ်စက်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ အစားအသောက်ကို အာဟာရပြည့်ပြည့်ဝ၀စားသောက်တာ စတဲ့ကိုယ်ခံစွမ်းအားစနစ် မြင့်တက်စေမယ့် အမူအကျင့်တွေကို လိုက်နာဖို့လိုအပ်တဲ့အပြင် အောက်ပါနည်းလမ်းတွေကိုလည်း လိုက်နာသင့်ပါတယ်။

– လက်ဆေးပါ

တစ်နေ့ အကြိမ်များများလက်ဆေးတာဟာ တံခါးလက်ကိုင်လို အများသုံးနေရာတွေကနေ ကူးစက်ပိုးဝင်တာမရှိအောင် ကာကွယ်နိုင်ပါတယ်။ အထူးသဖြင့် လူအများစုဝေးရာနေရာ၊ အများပြည်သူ သွားလာတဲ့နေရာတွေကို သွားလာပြီးချိန်မှာ လက်ကိုရေမလိုတဲ့ အယ်လ်ကိုဟော အခြေခံလက်ဆေးဆပ်ပြာနဲ့ ဆေးကြောသန့်စင်သင့်ပါတယ်။

– ရေဓာတ်ပြည့်ဝအောင်နေပါ

လေယာဉ်စီးပြီး ခရီးသွားရင် လေယာဉ်ထဲက စိုထိုင်းဆအဆင့်က အလွန်နည်းပါတယ်။ နှာခေါင်းအမြှေးပါးတွေကလည်း ရေဓာတ်ခမ်းခြောက်နေတာကြောင့် ပိုးမွှားတွေ အလွယ်တကူ ဝင်ရောက်လာစေနိုင်ပါတယ်။ ဒါကြောင့် ရေများများသောက်တာ၊ နှာခေါင်းထဲ စပရေး (Saline Nasal Spray) ဖျန်းတာတို့လုပ်ဆောင်ပြီး မျက်နှာကို လက်နဲ့ပွတ်သပ်တာကို ရှောင်သင့်ပါတယ်။

– ခြေအိတ်ဝတ်ပါ

ကြမ်းပြင်တွေကို ခြေဗလာနဲ့ မသွားလာပါနဲ့။ သင့်ခြေထောက်က ချွေးထွက်နေရင် ဘက်တီးရီးယား ဒါမှမဟုတ် ဖန်းဂတ်စ်ပိုး ကူးစက်ခံရတာ ဖြစ်နိုင်ပါတယ်။ ဟိုတယ်ခန်းထဲမှာ ခြေအိတ်ဝတ်ပြီး သွားလာတာကြောင့် ပိုးကူးစက်ခံရမှု လျော့နည်းတဲ့အပြင် နွေးထွေးစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top