Healthy Life Ad
Health Tips

ကျန်းမာရေးထိခိုက်စေမည့် အကျင့်ဆိုးများကို ရှောင်ရှားနိုင်စေရန် …

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အကျင့်ဆိုးတွေကို စွဲနေပြီလား။ ဒီအကျင့်ဆိုးတွေကြောင့် အခုအချိန်မှာ ကျန်းမာရေးထိခိုက်မှု မကြုံသေးရင်တောင် နောင်တစ်ချိန်မှာ ရောဂါဘယတွေရရှိစေနိုင်ပါတယ်။ ဒါကြောင့် စွဲနေတဲ့အကျင့်ဆိုးတွေကို ရှောင်ရှားနိုင်မယ့်နည်းတွေကို အကြံပြုချင်ပါတယ်။

– ကျန်းမာစေသော အကျင့်ကောင်းကို အစားထိုးပါ

သင့်မှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အမူအကျင့်တွေရှိနေရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အကျင့်တွေနဲ့ အစားထိုးလိုက်ပါ။ သူငယ်ချင်းတွေနဲ့ အရက်အတူသောက်မယ့်အစား သူငယ်ချင်းတွေနဲ့ လေ့ကျင့်ခန်းလုပ်တာ၊ ဝါသနာတစ်ခုကို အကောင်အထည်ဖော်တာနဲ့ မိသားစုနဲ့ အချိန်ဖြုန်းတာစတဲ့ အကျင့်ကောင်းတွေကို အစားထိုးဆောင်ရွက်လိုက်ပါ။

– ဆွဲဆောင်နိုင်သောအခြေအနေကို ရှောင်ရှားပါ

သင်အလုပ်လုပ်ရာ လမ်းခရီးမှာ ဒိုးနပ်မုန့်ဆိုင်ကိုရောက်တိုင်း ဝယ်စားဖြစ်နေတယ်ဆိုရင် လမ်းကြောင်းပြောင်းပြီးသွားပါ။ အဆီများတဲ့အစာ၊ စီးကရက်၊ အရက် စတဲ့ ကျန်းမာရေးထိခိုက်စေတဲ့ အရာတွေက သင့်ကိုဆွဲဆောင်နေတယ်ဆိုရင် အဲဒီအခြေအနေတွေနဲ့ဝေးရာကို တတ်နိုင်သမျှရှောင်သင့်ပါတယ်။

– စိတ်ကို ပြင်ဆင်ပါ

ဆွဲဆောင်စေနိုင်တဲ့ အခြေအနေတွေကို မရှောင်ရှားနိုင်ရင် အခြေအနေကို ကြိုတင်ပြီး ရှောင်ရှားနိုင်အောင် စီစဉ်ထားပါ။ ကြုံတွေ့လာမယ့် အခြေအနေတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတဲ့နည်းကို တွေးတောပြီး စိတ်ကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

– အားပေးမည့်သူကို ရှာဖွေပါ

သင့်အနေနဲ့ကောင်းတဲ့ အကျင့်တွေကို ဦးတည်လုပ်ဆောင်နေချိန်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေအတွက် အားပေးကူညီမယ့်သူတွေ ရှိနေဖို့လိုပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေ၊ မိသားစုဝင်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို သင်ရဲ့ပြောင်းလဲမှုနဲ့ပတ်သက်ပြီး အကြံပြုချက်တွေကိုတောင်းပါ။

– သေးငယ်သောအောင်မြင်မှုအတွက် ဆုပေးပါ

သေးငယ်တဲ့ပန်းတိုင်နဲ့ အောင်မြင်မှုတွေကိုရတဲ့အခါ (ဥပမာ- ဆေးလိပ်ဖြတ်နိုင်တဲ့အခါ) ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကိုစားပြီး သင့်ကိုယ်သင် ဂုဏ်ပြုလိုက်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top