Healthy Life Ad
Health Tips

နာတာရှည် ကျန်းမာရေး ပြဿနာခံစားနေရသူတို့အတွက် ဘဝနေပျော်စေမည့် နည်းလမ်းကောင်းများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

နာတာရှည်ကျန်းမာရေးပြဿနာ ခံစားနေရသူတွေ၊ အခြေခံရောဂါဝေဒနာရှိသူတွေဟာ ဘဝမှာ စိတ်ဓာတ်ကျမနေဘဲ ဘဝမှာ အများနည်းတူ ပျော်ရွှင်စေဖို့ လိုက်နာသင့်တဲ့ နည်းလမ်းကောင်းတွေရှိပါတယ်။

– တစ်ယောက်တည်း မနေပါနဲ့၊ အပေါင်းအသင်း နဲ့နေပါ။

– မိသားစုဘဝကို အချိန်ပေးပြီးနေပါ။

– သာရေး၊ နာရေးမှာ ဝင်ဆန့်အောင်နေပါ။

– ကိုယ့်ကိုယ်ချစ်ခင်ယုယတဲ့သူ၊ ကိုယ်နဲ့ အပေး အယူမျှတဲ့သူ၊ ကိုယ့်ကို လုံခြုံမှုပေးနိုင်တဲ့သူတွေနဲ့ အတူနေပါ။

– ကိုယ့်ကိုယ်ကိုယ် သန့်သန့်ရှင်းရှင်း လှလှပပပြင်ဆင်ပြီး နေထိုင်ပါ။

– ကြောက်စိတ်ကို ရင်ဆိုင်ပါ။

– ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင်ချပါ။ ရောဂါအတွက် ခွဲစိတ်ကုသမှုခံယူမလား၊ ဆေးသွင်း ကုသမှုခံယူမလား စသဖြင့် သေချာဆုံးဖြတ်ပါ။

– လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်ထဲကနေကောင်းတဲ့ ဓာတ်တွေ ထွက်စေတာကြောင့် လေ့ကျင့်ခန်း လုပ်ပါ၊ လှုပ်ရှားမှု လုပ်ဆောင်ပါ။

– အိပ်ရေးဝ၀အိပ်ပါ၊ သီချင်းနားထောင်ပါ။

– ဘဝမှာ တစ်ရက်ပိုနေရလည်း ဘာသာတရားကို ပိုပြီး လုပ်နိုင်တယ်ဆိုတဲ့ အတွေးမျိုးတွေးပါ။ ဘဝဆိုတာ အတက်အကျ ရှိတယ်လို့ လက်ခံပါ။ ကုသိုလ်ကောင်းမှု လုပ်ချင်ရင် အခုချက်ချင်းပဲ ပြုလုပ်ပါ။

– စာအုပ်ကောင်းတွေကို ရှာဖတ်ပါ။ ကိုယ့်ကိုယ့် ကိုယ်ယုံကြည်ပါ။ ရိုးသားပါ။ ကိုယ့်ကိုယ်ကိုယ် မညာပါနဲ့။

– သံယောဇဉ်နဲ့ ရှင်သန်ပါ။ ပျော်ရွှင်မှုအတွက် အချိန်ပေးပါ။

– ကျေးဇူးပြုဖူးသူတွေကို အလေးထားပါ။

– ဖြစ်မှဖြစ်ပါ့မလားဆိုတဲ့ စိတ်ကို မထားပါနဲ့။ ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ စိတ်ကိုထားရှိပါ။

ဘဝမှာ စိတ်ချမ်းသာဖို့ဆိုရင် ကိုယ့်အတွက် မဟုတ်ဘဲ တခြားသူတွေအတွက်လို့တွေးပြီး လုပ်ဆောင်ပေးရင် ဘဝမှာ နေထိုင်ရတာ ပိုအဆင်ပြေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top