Healthy Life Ad
Health Tips

တစ်နေ့ထက်တစ်နေ့ ကျန်းမာရေးပိုကောင်းလာစေဖို့

ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားစနစ် ပိုမိုကောင်းမွန်စေဖို့ ဆောင်သင့်၊ ရှောင်သင့်တဲ့ အလေ့အထတွေကို အကြံပြုလိုက်ပါတယ်။

လက်ဖက်စိမ်းလက်ဖက်ရည် သောက်ပါ

လက်ဖက်စိမ်းလက်ဖက်ရည်ကို တစ်နေ့နှစ်ခွက်နဲ့အထက် သောက်ပေးတာက မကောင်းတဲ့ကိုလက်စထရောအဆင့်ကို လျော့ကျစေတယ်လို့ လေ့လာမှု ၁၄ ခုလုပ်ပြီးချိန်မှာ အတည်ပြုပြောဆိုခဲ့ပါတယ်။

ပန်းသီးနှင့် ပဲသီးစားပါ

ပန်းသီးနဲ့ ပဲသီးတွေထဲမှာ ပါဝင်တဲ့ ပျော်ဝင်အမျှင်ဓာတ်တွေကို များများစားတဲ့သူတွေဟာ ငါးနှစ်အကြာမှာ ဝမ်းဗိုက်အဆီလျော့ကျမှုရှိကြောင်း တွေ့ရပါတယ်။ ဝမ်းဗိုက်အဆီက ကျန်းမာရေးအတွက် အန္တရာယ်ပေးနိုင်တဲ့ အဆီဖြစ်ပါတယ်။ လူတစ်ဦးရဲ ့ အစာထဲမှာ ပျော်ဝင်အမျှင် ၁၀ ဂရမ်တိုးလာတိုင်း ဝမ်းဗိုက်အဆီက လေးရာခိုင် နှုန်းခန့် လျော့ကျသွားတာကို လေ့လာမှုအရ သိရပါတယ်။

လက်ဆေးပါ

ကွန်ပျူတာနဲ့ ရုံးသုံးပရိဘောဂတွေကို ကိုင်တွယ်နေရချိန်မှာ လက်တွေက ပုံမှန်ထက်ပိုပြီး ညစ်ပတ်နေနိုင်ပါတယ်။ လေ့လာမှုအသစ်အရ တစ်နေ့မှာ အနည်းဆုံးလေးကြိမ်ခန့် လက်ဆေးတဲ့ ရုံးဝန်ထမ်းတွေဟာ လက်ဆေးနည်းသူတွေနဲ့ယှဉ်ရင် သွေးထဲမှာ PBDE လို့ခေါ်တဲ့ ဓာတုပစ္စည်းရှိမှု လျော့နည်းတယ်လို့ သိရပါတယ်။

အဖြူရောင်ပေါင်မုန့်ကို မစားသင့်ပါ

အခွံချွတ်ထားတဲ့ ကောက်နှံစာဖြစ်တဲ့ အဖြူရောင်ပေါင်မုန့်ကို မြန်မြန်နဲ့ များများစားတာက အသက်ကြီးချိန်မှာ မှတ်ဉာဏ်ချို ့တဲ့မှုကို ဖြစ်နိုင်ခြေများတယ်လို့ လတ်တလောလေ့လာမှုတစ်ရပ်အရ သိရပါတယ်။

Most Popular

Healthy Life Ad
To Top