Healthy Life Ad
Health Tips

နေ့စဉ် ဝမ်းမှန်မှန်သွားပြီး ပေါ့ပါးလန်းဆန်းနေစေမည့် သဘာဝနည်း ၈ သွယ်

———၊ ငွေကြယ်စင်ယံ ၊———

နည်းလမ်း ၁. တစ်နေ့လုံး ရေသောက်တဲ့ ပမာဏက ၈-၁၀ ဖန်ခွက်နီးပါး ရှိပါစေ။ ဒီလောက်ပမာဏကို ရေသောက်ပေးမှသာ အူလမ်းကြောင်းက အလုပ်ကောင်းကောင်း လုပ်နိုင်မှာ ဖြစ်ပါတယ်။ ညဘက်မှာ ရေတစ်ဘူးကို အိပ်ရာဘေးထားအိပ်ပြီး နံနက်အိပ်ရာက နိုးတာနဲ့ သောက်ပေးပါ။

နည်းလမ်း ၂. အိပ်ရာမဝင်ခင် နွားနို့တစ်ဖန်ခွက်ထဲ ဆားအနည်းငယ်ထည့်ပြီး သောက်ပေးပါ။ ဝမ်းချုပ်တာကို သက်သာစေပါတယ်။

နည်းလမ်း ၃. နံနက်စောစော ရေနွေးကြမ်း ၂-၃ ဖန်ခွက်သောက်ပြီး လမ်းလျှောက်ပေးပါ။ ဒါဆိုရင် အူလှုပ်ရှားမှုကောင်းကာ ဝမ်းသွားစေပါတယ်။

နည်းလမ်း ၄. သင်စားတဲ့အစာ(နံနက်စာ၊ နေ့လယ်စာနဲ့ ညစာ)ထဲမှာ လတ်လတ်ဆတ်ဆတ် သစ်သီးတွေနဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ ပါဝင်ပါစေ။ သင်္ဘောသီး၊ ခရမ်းချဉ်သီး စတာတွေက ဝမ်းချုပ်တာကို တကယ်သက်သာစေပါတယ်။

နည်းလမ်း ၅. ပန်းသီးကလည်း ဝမ်းချုပ်နေရင် စားသင့်တဲ့အသီးပါ။ နံနက်ခင်းတိုင်း ပန်းသီးနှစ်လုံးစားပေးပါ။ ပန်းသီးစိတ်ကို သေချာကြိတ်ဝါးပြီး စားပေးရင် ဝမ်းမှန်မှန် သွားစေပါတယ်။

နည်းလမ်း ၆. ဝမ်းချုပ်နေသူတွေအတွက် အလွယ်ဆုံး အိမ်တွင်းကုထုံးကတော့ သံပရာရည်၊ ရှောက်ရည် တစ်ဖန်ခွက်ထဲကို ဆားအနည်းငယ်ထည့်ပြီး သောက်တာပဲ ဖြစ်ပါတယ်။

နည်းလမ်း ၇. သင်္ဘောသီးနဲ့ မာလကာသီးတွေကလည်း ဝမ်းချုပ်တာကို ကုသပေးနိုင်ပါတယ်။ နံနက်ခင်း ဘာအစာမှမရှိတုန်း သင်္ဘောသီး ပုံမှန်စားပေးတာက ဝမ်းချုပ်တာကို ကင်းဝေးစေပါတယ်။

နည်းလမ်း ၈. နံနက်စောစောမှာ ရေနွေးပူပူထဲ သံပရာရည်ညှစ်ထည့်ပြီး သောက်ပေးရင် ဝမ်းချုပ်တာကို ကင်းစေကာ စိတ်ရောကိုယ်ပါ လန်းဆန်းနေပါလိမ့်မယ်။

Most Popular

Healthy Life Ad
To Top