၊ စူး ၊ (ဆေးဝါးတက္ကသိုလ်) အိပ်ရင်း ဟောက်တာက အခြေခံကျန်းမာရေးပြဿနာတစ်ခုခုရှိလို့ ဒါမှမဟုတ် နှာခေါင်းမြှေးလမ်းကြောင်း ပိတ်ဆို့မှုတစ်ခုခုရှိလို့ ဖြစ်နိုင်ပါတယ်။ ကံကောင်းတာက ဟောက်တတ်သူတွေ မဟောက်ဘဲ ကောင်းကောင်း အိပ်နိုင်မယ့် သဘာဝကုထုံးတွေ ရှိနေပါတယ်။ (၁) အိပ်တဲ့ပုံစံ ပြောင်းကြည့်ပါ ဟောက်သံထွက်တာသက်သာစေဖို့...
ဒေါက်တာဒေါ်ခင်ပြုံးကြည် (ဥက္ကဌ၊ အသည်းဖောင်ဒေးရှင်း)နှင့် တွေ့ဆုံဆွေးနွေးခြင်း ယခင်တစ်ပတ်မှအဆက် မေး ။ ဘီပိုးကော စီပိုးပါတွဲဖြစ်ရင် ဘယ်အရာကို အရင်ကုသမှုခံယူသင့်ပါသလဲ။ ဖြေ ။ ဘီပိုးနဲ့ စီပိုးတွဲဖြစ်ရင် ပိုးကောင်ရေကိုလည်း ကြည့်ရပါတယ်။ ယေဘုယျအားဖြင့် စီပိုးကတော့ သုံးလဆေးသောက်ရုံနဲ့ ပျောက်တဲ့အတွက် စီပိုးကိုတော့...
မေး. ပွေးပျောက်ကင်းအောင် ဘယ်လိုလုပ်ရမလဲ။ ထိုးဆေးနဲ့ထိုးရင် သက်သာနိုင်မလား။ Khun Soe Thu (FB) ပါမောက္ခဒေါ်မြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ဖြေ. ပွေးကုသရာမှာ စားဆေးက အထိရောက်ဆုံးပါပဲ။ စားဆေးမှာ ဘေးထွက်ဆိုးကျိုးတွေရှိတတ်တဲ့အတွက် ဆေးရုံ၊ ဆေးခန်းတွေမှာ စနစ်တကျ...
ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး) မေး. ကလေးမွေးပြီး မိခင်တွေက ဘယ်လိုအာဟာရဓာတ်တွေ အထူးလိုအပ်ပါသလဲ။ ဘယ်လိုအစားအသောက်တွေ စားသောက်ပေးသင့်ပါသလဲ။ ဖြေ. ကလေးမွေးပြီးကာစ မိခင်တစ်ယောက်အတွက် တစ်နေ့တာ ကယ်လိုရီလိုအပ်ချက်က ၂၅၀ဝ ကယ်လိုရီနဲ့ ၃၀ဝ၀ ကယ်လိုရီအကြားဖြစ်ပါတယ်။ ကလေးကို မိခင်နို့ချိုတိုက်ပြီးတိုင်း ကယ်လိုရီပိုစားဖို့လိုပါတယ်။...
၊ မိုးမင်းထွန်း ၊ အောက်စဖို့ဒ်တက္ကသိုလ်မှ သုတေသီတွေဟာ လူ ၈၄၆ ဦးတို့ရဲ့ အရက်သောက်သုံးမှု ပမာဏ၊ အိပ်စက်ချိန်နာရီအရေအတွက်၊ ဘဝ အခက်အခဲတွေ၊ စိတ်ဖိစီးမှုဒဏ်ခံနိုင်မှုစတဲ့ အချက်တွေကို စုစည်းခဲ့ကြပါတယ်။ ပြီးနောက် ပါဝင်သူတွေရဲ့ အိပ်မက်ဆိုးမက်တဲ့ အရေအ တွက်၊ ပြင်းထန်မှုအနည်းအများစတဲ့...
၊ ငွေကြယ်စင်ယံ ၊ အပြင်ထွက်ပြီး သဘာဝပတ်ဝန်းကျင်နဲ့ ထိတွေ့ပေးတာကြောင့် နှလုံးကျန်းမာရေးကို သိသိသာသာ ကောင်းမွန်စေပါတယ်။ (၁) နေခြည်နုနုဖြာကျချိန် လမ်းလျှောက်ခြင်း သွေးတိုးနှုန်းပိုများတဲ့သူတွေက နေရောင်ခြည်ထိတွေ့မှု အနည်းဆုံးသူတွေဖြစ်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ အကြောင်းတစ်ခုက အရေပြားက နေရောင်ခြည်နဲ့ထိတွေ့တဲ့အခါ နိုက်ထရစ်အောက်ဆိုက် ထွက်ရှိမှုများတာကြောင့်...
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) လက်တွေရောင်ရမ်းတာ၊ လက်တွေနာကျင်ကိုက်ခဲတာနဲ့ လက်ထုံကျဉ်တဲ့ ဝေဒနာတွေခံစားရတယ်ဆိုရင် ဒါက သွေးလှည့်ပတ်မှုမကောင်းတာနဲ့ ဆက်စပ်နေပါတယ်။ ဆေးလိပ်သောက်တာ၊ လေ့ကျင့်ခန်းမလုပ်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိတဲ့ အစားအသောက် စားသောက်တာ စတဲ့အချက်တွေကြောင့် သွေးလှည့်ပတ်မှု အားနည်းရတတ်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် အလွယ်နည်းတွေရှိပါတယ်။ လက်သန်စွမ်းစေရန်...
ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း) မေး. အရေပြားမှာ ဘာကြောင့် အမာရွတ်ဖြစ်ရပါသလဲ ဆရာမ။ ဖြေ. အမာရွတ်နဲ့ကင်းတဲ့လူဆိုတာ ရှားပါတယ်။ ခန္ဓာကိုယ်ရဲ့တစ်သျှူးတွေ ထိခိုက်ဒဏ်ရာရတာကို ပြန်လည်ပြင်ဆင်တဲ့အခါ အရေပြားမှာ scab လို့ခေါ်တဲ့ အနာဖေး၊ အနာမြှေးအဖတ်လေးဖုံးပြီး၊ အနာကျက် စေပါတယ်။...
၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်) စိတ်နဲ့ခန္ဓာက ဆက်စပ်မှုရှိနေပါတယ်။ စိတ်ကြောင့် အစာစားချင်စိတ်ကိုထိန်းနိုင်အောင်၊ အလုပ်မှာ စိတ်ဝင်တစားလုပ်ချင်အောင်၊ အမြင်အာရုံကောင်းအောင် လုပ်ဆောင်နိုင်ကြောင်း လတ်တလောလေ့လာမှုများစွာအရ သိရပါတယ်။ သင့်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကျန်းမာနေတယ်လို့ အထင်ရောက်နေရင် ဦးနှောက်ကို လှုံ့ဆော်မှုရှိတာကြောင့် ကျန်းမာရတာဖြစ်တယ်လို့ ကာနီဂျီးမဲလွန်တက္ကသိုလ်က...
၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်) အလှပြင်ဆိုင်မှာ ခေါင်းလျှော်ရင်းပဲဖြစ်ဖြစ်၊ အိမ်မှာခေါင်းလျှော်ရေချိုးရင်းပဲဖြစ်ဖြစ် နားထဲ ရေဝင်သွားရင် အလွယ်တကူထုတ်နိုင်မယ့်နည်းတွေကို အကြံပြုလိုက်ပါတယ်။ သဘာဝနည်း(၁)နားကို သန့်ရှင်းပါ သန့်ရှင်းတဲ့ အဝတ်စတစ်ခုကို နားဝမှာ ကပ်ပြီး နားကိုစောင်းပေးပါ။ တချို့လူတွေက နားကြပ်တံ သုံးလေ့ရှိကြပါတယ်။ နားကြပ်တံ...