Healthy Life Ad
Health Tips

ကျန်းမာကြောင်း အထင်ရောက်စေမည့် စိတ်လှည့်စားနည်းများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

စိတ်နဲ့ခန္ဓာက ဆက်စပ်မှုရှိနေပါတယ်။ စိတ်ကြောင့် အစာစားချင်စိတ်ကိုထိန်းနိုင်အောင်၊ အလုပ်မှာ စိတ်ဝင်တစားလုပ်ချင်အောင်၊ အမြင်အာရုံကောင်းအောင် လုပ်ဆောင်နိုင်ကြောင်း လတ်တလောလေ့လာမှုများစွာအရ သိရပါတယ်။ သင့်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကျန်းမာနေတယ်လို့ အထင်ရောက်နေရင် ဦးနှောက်ကို လှုံ့ဆော်မှုရှိတာကြောင့် ကျန်းမာရတာဖြစ်တယ်လို့ ကာနီဂျီးမဲလွန်တက္ကသိုလ်က သုတေသီ ခေါင်းဆောင်တစ်ဦးကရှင်းပြပါတယ်။ ဒါကြောင့် စိတ်ကြောင့်ခန္ဓာကိုယ်ကျန်းမာစေဖို့ အောက်ပါလှည့်ကွက်တွေကို သုံးသင့်ပါတယ်။

– အားကစားခန်းမသို့ သွားချင်စိတ်ရှိစေရန် ကိုယ်လက်လှုပ်ရှားမှု လုပ်လိုက်ပါ

အချိန်ငါးမိနစ်လောက် ချွေးထွက်အောင် ကိုယ်လက်လှုပ်ရှားမှု လုပ်လိုက်တဲ့အခါ နှလုံးခုန်နှုန်းကောင်းမွန်တာ၊ စိတ်ကြည်လင်လန်းဆန်းတာ စတဲ့ ခံစားမှုတွေကိုရရှိစေတာကြောင့် အားကစားခန်းမကို သွားချင်စိတ်ပေါ် ပေါက်လာနိုင်ပါတယ်။

– ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ရှိစေရန် ရော့ခ်စတားတစ်ဦးကဲ့သို့ ရပ်ပါ

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရှိ မတ်တပ်ရပ်ပေးတာက မိနစ်ပိုင်းအတွင်း စိတ်ခံစားမှုကောင်းစေတဲ့ ဟော်မုန်းတုန့်ပြန်မှုကို လှုံ့ဆော်ပေးနိုင်တယ်လို့ သုတေသီတွေကဆိုပါတယ်။

– အစာစားချင်စိတ်လျော့ကျစေရန် သင့်အာရုံကို နှောင့်ယှက်ပါ

လေ့လာမှုတစ်ခုအရ အစာစားခါနီးမှာ သက်တံ့ရောင်စဉ်တန်းတစ်ခု မြင်ရတယ် ဒါမှမဟုတ် ယူကလစ်ရနံ့ကို ရှူရှိုက်ခွင့်ရတယ်လို့ ထင်နေတဲ့အခါ အစာစားချင်စိတ်လျော့ကျမှုရှိကြောင်း သိရပါတယ်။

– အမြင်အာရုံကောင်းစေရန် သင့်အနေဖြင့် အမြင်အာရုံ ကောင်းဟန်ဆောင်ပါ

လေ့လာမှုမှာ ပါဝင်သူတွေအနေနဲ့ အမြင်အာရုံနဲ့ပတ်သက်ပြီး စိတ်ကျေနပ်မှုရတယ်လို့ ထင်သူတွေဟာ စိတ်ကျေနပ်မှုမရှိသူတွေထက် မျက်စိစစ်ဆေးစမ်းသပ်မှုမှာ သိသိသာသာ တိုးတက်ကောင်းမွန်မှုရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top