Healthy Life Ad
Health Tips

နားထဲ မတော်တဆရေဝင်သွားရင်

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အလှပြင်ဆိုင်မှာ ခေါင်းလျှော်ရင်းပဲဖြစ်ဖြစ်၊ အိမ်မှာခေါင်းလျှော်ရေချိုးရင်းပဲဖြစ်ဖြစ် နားထဲ ရေဝင်သွားရင် အလွယ်တကူထုတ်နိုင်မယ့်နည်းတွေကို အကြံပြုလိုက်ပါတယ်။

သဘာဝနည်း(၁)နားကို သန့်ရှင်းပါ
သန့်ရှင်းတဲ့ အဝတ်စတစ်ခုကို နားဝမှာ ကပ်ပြီး နားကိုစောင်းပေးပါ။ တချို့လူတွေက နားကြပ်တံ သုံးလေ့ရှိကြပါတယ်။ နားကြပ်တံ သုံးတဲ့အခါ နားစည်ထဲအထိ မထိုးထည့်ပါနဲ့။ အဝမှာတင်တေ့ထားပြီး နားကိုသာ တတ်နိုင်သမျှ တစ်ဖက်စောင်းပေးပါ။

သဘာဝနည်း (၂) ရေဝင်တဲ့ နားဘက်ကို စောင်းပြီးအိပ်ပါ
ဒီနည်းကလည်း နားထဲက ရေထွက်စေပါတယ်။ ရေဝင်နေတဲ့ နားဘက်ကို စောင်းပြီး ခဏလောက်လှဲအိပ်ပေးပါ။

သဘာဝနည်း (၃) ပီကေဝါးပါ
ပီကေဝါးလိုက်တာ ဒါမှမဟုတ် သမ်းလိုက်တာကလည်း နားထဲက ရေထွက်ပြီး ပွင့်သွားစေပါတယ်။

သဘာဝနည်း (၄) ရေနွေးငွေ့ရှူပါ
ဇလုံတစ်ခုထဲ ရေနွေးထည့်ပြီး မျက်နှာကို ရေနွေးငွေ့လှုံပေးပါ။ ခေါင်းမှာပဝါတစ်ထည်ခြုံပြီး ရေနွေးငွေ့ရှူပေးပါ။ ပြီးရင် ရေဝင်တဲ့ နားဘက်ကို ခေါင်းစောင်းပေးပါ။

သဘာဝနည်း (၅) ခုန်ပါ
နားထဲ ရေဝင်ရင် ငယ်ငယ်တုန်းက လူကြီးတွေက ဖြစ်တဲ့ဘက်ကိုခေါင်းစောင်းပြီး ခုန်ခိုင်းလေ့ရှိပါတယ်။ ဒီနည်းကလည်း နားထဲက ရေထွက်စေတဲ့နည်းပါပဲ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top