Healthy Life Ad
Health Tips

ဟောက်ခြင်းအတွက် သဘာဝကုထုံးများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အိပ်ရင်း ဟောက်တာက အခြေခံကျန်းမာရေးပြဿနာတစ်ခုခုရှိလို့ ဒါမှမဟုတ် နှာခေါင်းမြှေးလမ်းကြောင်း ပိတ်ဆို့မှုတစ်ခုခုရှိလို့ ဖြစ်နိုင်ပါတယ်။ ကံကောင်းတာက ဟောက်တတ်သူတွေ မဟောက်ဘဲ ကောင်းကောင်း အိပ်နိုင်မယ့် သဘာဝကုထုံးတွေ ရှိနေပါတယ်။

(၁) အိပ်တဲ့ပုံစံ ပြောင်းကြည့်ပါ
ဟောက်သံထွက်တာသက်သာစေဖို့ အိပ်တဲ့အနေအထားပုံစံကို ပြောင်းကြည့်သင့်ပါတယ်။ ဦးခေါင်းနဲ့လည်ပင်း ဖြောင့်နေမယ့် အနေအထားဖြစ်အောင် ခေါင်းအုံးအထူကြီး မသုံးပါနဲ့။ လည်ပင်းနဲ့ ဦးခေါင်းပဲ မြင့်နေမယ့်အစား ခန္ဓာကိုယ် အပေါ်ပိုင်းတစ်ခုလုံးမြှင့်တဲ့ အနေအထား ပြောင်းကြည့်ပါ။ ဒီအနေအထားက အိပ်တဲ့အခါ နှာခေါင်း လမ်းကြောင်းတစ်လျှောက် လေအဝင်အထွက်ကောင်းစေမယ့်ပုံစံပဲဖြစ်ပါတယ်။

(၂) အခန်းကို စိုထိုင်းဆများအောင်ထားပါ
ခြောက်သွေ့တဲ့ လေထုက ဟောက်သံပိုထွက်စေပါတယ်။ ခြောက်သွေ့တဲ့ လေထုက နှာခေါင်းတွင်းနဲ့ လည်ချောင်းတွေကို ခြောက်သွေ့ စေပြီး အသံတုန်ခါမှု ဖြစ်စေလို့ပါ။ နှာခေါင်းထဲက ထွက်လာတဲ့လေဟာ လည်ချောင်းထဲ ဝင်နေစဉ် ပိတ်ဆို့တာ၊ ဟန့်တားခံရတာကြောင့် ဟောက်သံထွက်နိုင်ပါတယ်။ ဒီလိုမဖြစ်အောင် အခန်းထဲ လေထုစိုထိုင်းဆများစေဖို့ စိုထိုင်းဆထိန်းပေးတဲ့ စက် (Humidifier)တပ်ဆင်ပါ။

(၃) ကိုယ်အလေးချိန် လျှော့ချပါ
ဟောက်သံထွက်တာကို ကုသပေးနိုင်မယ့် အိမ်တွင်းကုထုံးတစ်ခုက ကိုယ်အလေးချိန် လျှော့ချဖို့ပဲဖြစ်ပါတယ်။ ကိုယ်အလေးချိန်များနေရင် လည်ချောင်းနဲ့ နှာခေါင်းလမ်းကြောင်းမှာ အဆီတွေနဲ့ပိတ်ပြီး ဟောက်သံထွက်နိုင်ပါတယ်။ ဒါကြောင့် အစားအသောက်ပုံစံကို ပြောင်းလဲတာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ကယ်လိုရီလျှော့ချတာစတဲ့ နည်းတွေနဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းသင့်ပါတယ်။

(၄) မရှိမဖြစ်အဆီများ သုံးပါ
အိပ်ခန်းထဲမှာ လေထုစိုထိုင်းစေတဲ့ စက်တပ်ပြီး လေထုမခြောက်အောင်လုပ်ပါ။ ဒီထဲမှာ ပက်ပါးမင့်ဆီ အနည်းငယ်ထည့်ပေးရင် နှာခေါင်းပိတ်တာကို ကာကွယ်နိုင်ပါတယ်။

(၅) လေ့ကျင့်ခန်းလုပ်ပါ
ခန္ဓာကိုယ်မှာအဆီပိုတွေများတဲ့အခါ ဟောက်သံပိုထွက်နိုင်ပါတယ်။ မိုင်အနည်းငယ် လမ်းလျှောက်တာ၊ ခပ်သွက်သွက် လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ တောင်တက်တာ၊ ကြွက်သားသန် စွမ်းစေမယ့် အလေးမလေ့ကျင့်ခန်း ပြုလုပ်တာ စတာတွေကို ပြုလုပ်ရင်း ကိုယ်အလေးချိန် အပိုကိုလျှော့ချပါ။ ဒီနည်းက ဟောက်သံမထွက်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top