Healthy Life Ad
Women

ကလေးမွေးပြီး မိခင်များအတွက်အာဟာရ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)

မေး. ကလေးမွေးပြီး မိခင်တွေက ဘယ်လိုအာဟာရဓာတ်တွေ အထူးလိုအပ်ပါသလဲ။ ဘယ်လိုအစားအသောက်တွေ စားသောက်ပေးသင့်ပါသလဲ။

ဖြေ. ကလေးမွေးပြီးကာစ မိခင်တစ်ယောက်အတွက် တစ်နေ့တာ ကယ်လိုရီလိုအပ်ချက်က ၂၅၀ဝ ကယ်လိုရီနဲ့ ၃၀ဝ၀ ကယ်လိုရီအကြားဖြစ်ပါတယ်။ ကလေးကို မိခင်နို့ချိုတိုက်ပြီးတိုင်း ကယ်လိုရီပိုစားဖို့လိုပါတယ်။

– အသားဓာတ်

မိခင်နို့တိုက်နေချိန် ရင်သွေးဆီ အသားဓာတ်ရောက်တာကြောင့် အသားဓာတ်တွေကို ပိုပြီးစားပေးဖို့ လိုပါတယ်။ အသားဆိုရင် မနက်သုံးတုံး၊ ညသုံးတုံးလောက် စားပေးရပါမယ်။ စွပ်ပြုတ်ရည်၊ ပဲဟင်းရည်နဲ့ ဟင်းချိုရည်တွေကို တစ်နေ့ ၆ ခွက်လောက် သောက်ပေးရပါမယ်။

– ဗီတာမင်နှင့် သတ္တုဓာတ်

ဗီတာမင်နဲ့ သတ္တုဓာတ်ရအောင် ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံတွေ၊ အထူးသဖြင့် ဗီတာမင်ကြွယ်ဝတဲ့ သစ်သီးတွေကို မိခင်နို့ချိုတိုက်ကျွေးနေချိန်မှာ ပမာဏများများစားပေးဖို့ လိုပါတယ်။ သစ်သီးဆို တစ်နေ့အနည်းဆုံး နှစ်လုံးစားသင့်ပြီး ဟင်းရွက်ကြော်ကို ပန်းကန်လုံးနှစ်လုံးစားရပါမယ်။ သစ်သီးဖျော်ရည်ကို တစ်နေ့နှစ်ခွက်သောက်ရပါမယ်။ ဝမ်းချုပ်တတ်ရင် သင်္ဘောသီးဖျော်ရည်၊ မန်ကျည်းဖျော်ရည်တွေ တစ်နေ့တစ်ခွက်သောက်ရပါမယ်။

– ရေ

မိခင်နို့ချိုတိုက်ကျွေးနေချိန်မှာ ရေများများလိုအပ်တာကြောင့် တစ်နေ့ ၃ လီတာလောက် သောက်ပေးသင့်ပါတယ်။

– နွားနို့

မနက်အိပ်ရာထမှာ နို့တစ်ခွက် သောက်သင့်ပါတယ်။

– ရှောင်ရမည့် အစားအသောက်များ

မိခင်နို့ချိုတိုက်နေစဉ်မှာ ကဖင်းဓာတ်များတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာ၊ အရက်၊ ကွမ်း၊ ဆေးလိပ်စတာတွေကို အတတ်နိုင်ဆုံးရှောင်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top