Healthy Life Ad
Health Tips

ပျို့ချင်အန်ချင်စိတ်အမြန်ဆုံး သက်သာစေမည့် နည်းငါးသွယ်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ပျို့ချင်အန်ချင်စိတ်ဖြစ်ပေါ်နေလို့ ဘာလုပ်ရမှန်း မသိဖြစ်နေပါသလား။ အဲဒီအချိန်မှာ အချိန်တိုအတွင်း သက်သာရာရစေဖို့ အောက်ပါ နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

(၁) အနားယူပါ
မျက်လုံးမှိတ်ပြီးသက်သောင့်သက်သာရှိတဲ့အနေအထားနဲ့ထိုင်တာ၊ မိနစ်အနည်းငယ်လောက် လဲလျောင်းတာတို့ကိုလုပ်ဆောင်ပေးပါ။ ယာဉ်စီးရတာများလို့ ပျို့ချင်အန်ချင်စိတ် ပေါ်နေရင် လဲလျောင်းတဲ့ အနေအထားမနေဘဲ ထိုင်ပြီး အနားယူပေးပါ။

(၂) အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်ပါ
အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်တာကြောင့် စိုးရိမ်ပူပင်မှုသောကတွေ လျော့ကျသွားစေသလို ပျို့ချင်အန်ချင်တဲ့ စိတ်လည်း သက်သာသွားတတ်ပါတယ်။

(၃) သံပရာနံ့ရှူရှိုက်ပါ
သံပရာနံ့ ရှူရှိုက်တာကြောင့် လန်းဆန်းစေပြီး ပျို့ချင်အန်ချင်စိတ်ကို လျော့ပါးသွားစေပါတယ်။

(၄) အကြောဆွဲဆန့်ပါ
တစ်ကိုယ်လုံး အကြောဆွဲဆန့်တာကြောင့် လည်ပင်းနဲ့ ပခုံးကြွက်သားတွေကို အပန်းပြေစေပြီး ပျို့ချင်အန်ချင်တဲ့ ဝေဒနာကို လျော့ပါးသွားစေနိုင်ပါတယ်။

(၅) အရည်သောက်ပါ
ရေအေး အနည်းငယ်ငုံပြီး သောက်ပေးတာ၊ သံပရာရည်၊ ချင်းလက်ဖက်ရည်သောက်တာတို့ကြောင့် အစာခြေလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေကို သက်သာလျော့ပါးစေပြီး စိတ်ခံစားချက်ကို သိသိသာသာ ကောင်းမွန်လာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top