Healthy Life Ad
Health Tips

ကျို့ထိုး သက်သာနည်းများ (Hiccups)

ဒေါက်တာတင့်ဆွေ

ကျို့ထိုးတာဟာ ရင်ခေါင်းနဲ့ ဝမ်းဗိုက်ကိုခြား ထားတဲ့ Diaphragm ခေါ်တဲ့ ကြွက်သားပြားပြားခုံးခုံးကြီးက အလုပ်ပိုလုပ်တာဖြစ်တယ်။ သူ့အောက်မှာ ညာဘက်က အသဲ၊ ဘယ်ဘက်က အစာအိမ်ရှိတယ်။ အဲဒီ ၂ခုထဲက တစ်ခုခုမှာ တစ်ခုခုဖြစ်ရင်ကျို့ထိုးတယ်။ အများဆုံးက လေကြောင့်ဖြစ်တယ်။ တချို့မှာ အစပ်စားလိုက်တာနဲ့ ခဏလေးကျို့ထိုးတယ်။ အဝင်လွဲတယ်လို့ ပြောကြတဲ့ မျိုချတာမှာ အဆင်မပြေရင်လည်းဖြစ်တတ်တယ်။ တချို့မှာ တခါဖြစ်ရင် ရက်ဆက်ဆိုသလိုထိုးနေတယ်။ အရပ်နည်းတွေတော့သိမှာပါ။ ဖြစ်စေတဲ့အကြောင်းကို ရှာရရင် အဲဒါကိုကုသရမယ်။ တချို့မှာ ဆေးကုရတဲ့အထိ ဆိုးတယ်။

Baclofen Gabapentin နဲ့ Proton-pump inhibitors (Omeprazole, Rabeprazole) ဆေးတွေကို သုံးတယ်။ Chlopromazine ခေါ်တဲ့ စိတ်ရောဂါကုဆေးကို အအန်ရပ်အောင်နဲ့ ကျို့ထိုးတာရပ်အောင်လည်း သုံးနိုင်တယ်။ ဆေးက အတော်အိပ်ချင်လို့ ဆေးအဆလျှော့ပေးရတယ်။
သိပ်ဆိုးသူတွေအတွက် Chlopromazine အပြင် Haloperidolစိတ်ဆေး၊ Metoclopramide အစာလမ်းဆေးတွေ သုံးတယ်။ gastroesophageal reflux အစာခြေရည်အထက်ဆန်တာရှိရင် အဲဒါကိုကုသပါ။

ပေါင်မုံ့ခြောက်ဝါးခြင်း၊ ရေခဲတုံးဝါးစားခြင်း၊ လျှာကိုဆွဲထုတ်နည်း၊ သကြားရည်လျှာပေါ်၊ ဒါမှမဟုတ် လျှာအောက်တင်ပေးခြင်း၊ Phrenic nerve အာရုံကြောကို ဝ.၅% ဏ procaine ထုံဆေးထိုးပေးနည်း၊ Bilateral phrenicotomy အဲဒီအာရုံကြော နှစ်ခုလုံးကို ခွဲစိတ်ဖြတ်ပြစ်ခြင်း၊ နားထဲကို Lidocaine liniment ၃% သမ ါနူ ၂% ဆေးထည့်ပေးနည်း။

Hypokalemia, Hyponatremia ခေါ်တဲ့ ပိုတက်ဆီယမ်နဲ့ ဆိုဒီယန်ဓါတ်ဆား နည်းလွန်းတာဖြစ်လို့ ဆိုးတဲ့ကျို့ထိုးတာဆိုရင် Carbonated beverage ကာဗွန်ထည့်ထားတဲ့အချိုရည်(ဆိုဒါ၊ (စပရင်း-ဝါးတား)၊ကိုကာကိုလာ၊ စပရိုက်၊ အင်နာ ဂျီ-ဒရင့်ခ်) တွေကို သောက်နိုင်တယ်။ Intranasal vinegar ဗနီဂါအရည်ကို နှာခေါင်းထဲထည့်နည်း၊ Deltoid muscles ပခုံးကြွက်သားကိုနှိပ်ခြင်း။

အလွယ်နည်းကတော့ ခေါင်းကို လေမဝင်နိုင်တဲ့ ပလပ်စတစ်အိတ်တလုံးစွပ်ပါ။ လည်ပင်းနေရာမှာ ကိုယ့်လက်နဲ့ စုစည်းထားပါ။ အသက်ရှူပါ။ အိတ်ထဲကလေမှာအောက်စီဂျင်ကုန်ပြီး ကာဗွန်ဒိုင်အောက်ဆိုက်သာကျန်လို့ အဲဒါကိုရှူရင် ပျောက်တယ်။ CO2 ကာဗွန်ဒိုင်အောက်ဆိုက်နည်းက Vagus nerve ဗေးဂပ်စ်အာရုံကြောကို သက်ရောက်စေလို့ သက်သာစေတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top