Healthy Life Ad
Health Tips

နှာခေါင်းနှိုက်ခြင်းကြောင့် နာတာရှည်ရောင်ရမ်းမှုဖြစ်စေနိုင်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

နှာခေါင်းထဲမှာ ယားယံသလိုလို၊ ပြည့်ကျပ်သလိုလို ခံစားရတဲ့အခါ လူတွေနှာခေါင်းထဲ လက်နှိုက်တတ်ပါတယ်။ နောက်တစ်ခါ ဒီလိုလုပ်မယ်ဆိုရင် နှစ်ကြိမ်ပြန်စဉ်းစားသင့်နေပါပြီ။

– နှာခေါင်းထဲ လက်နှိုက်တာကြောင့် လက်ချောင်းတွေမှာ ကပ်ငြိနေနိုင်တဲ့ စတပ်ဖိုင်လိုကော့ကပ်စ်ပိုးလို ဘက်တီးရီးယားပိုးတွေက ခန္ဓာကိုယ်ထဲရောက်ရှိသွားနိုင်ပါတယ်။ ဒီပိုးတွေက နှာခေါင်းအတွင်းမြှေးထဲမှာ ရှင်သန်နေတတ်တဲ့အတွက် နှာခေါင်းထဲလက်နှိုက်တဲ့အခါတိုင်း သူတို့ကို ပွားများရှင်သန်စေရာ ရောက်လို့ပါ။

– နောက်ထပ်ပြဿနာတစ်ခုက နှာခေါင်းထဲလက်နှိုက်တဲ့အခါ နှာခေါင်းအမြှေးပါးနံရံတွေ ထိခိုက်စေပြီး နာတာရှည် ပိုးဝင်လာနိုင်ပါတယ်။ နှာခေါင်းထဲလက်နှိုက်တာကြောင့် ထိခိုက်လွယ်တဲ့ နှာခေါင်းအမြှေးပါးတွေကို ထိခိုက်စေနိုင်ပြီး နှာခေါင်းသွေးထွက်တတ်ပါတယ်။

– နှာခေါင်းထဲ လက်နှိုက်ပြီး ကလော်တာကြောင့် ခြစ်သလိုဖြစ်စေပြီး လက်သည်းကြားက ပိုးတွေဟာ သွေးကြောထဲ ဝင်ရောက်ရာက နာမကျန်းမှုဖြစ်စေနိုင်ပါတယ်။ နှာခေါင်းထဲလက်နှိုက်တဲ့အခါ တစ်ခါတစ်ရံ နှာခေါင်းသွေးယိုတတ်ပါတယ်။ နှာခေါင်းထဲက အချွဲမြှေးတွေ ကောင်းကောင်းအနာကျက်ဖို့ ရက်သတ္တပတ်များစွာ အချိန်ယူဖို့လိုပါတယ်။ ဒါကြောင့် နှာခေါင်းထဲလက်နှိုက်တဲ့ အကျင့်ကိုရှောင်ပြီး နှာခေါင်းကို တစ်သျှူးနဲ့အုပ်ကာ တစ်ဖက်စီမှုတ်ထုတ်ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top