Healthy Life Ad
Health Tips

ညအိပ်လို့ မရအောင် ရင်ပူနေသလား

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ရင်ပူတာက စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းတဲ့ဝေဒနာပါ။ အများအားဖြင့် အစာများများစားပြီးချိန်နဲ့ အရက်များများသောက်ပြီးချိန်တွေမှာရင်ပူတတ်ပါတယ်။ ခန္ဓာကိုယ်ကိုလှဲလျောင်းလိုက်တဲ့အခါ ဒါမှမဟုတ် ခါးကုန်းလိုက်တဲ့အခါမှာ တချို့လူတွေဟာ ရင်ပူဝေဒနာ ဖြစ်တတ်ပါတယ်။

အစားအသောက်
ချောကလက်၊ ကော်ဖီနဲ့ အရက်တွေကို အလွန်အမင်းစားသောက်တာကြောင့် ရင်ပူတတ်ပါတယ်။ ဒီအစားအသောက်တွေကြောင့် ရင်ပူတတ်ရင် သတိထားပြီး ဆင်ခြင်ဖို့ လိုပါတယ်။

ဆေးရွက်ကြီး သုံးတာကြောင့် ရင်ပူတတ်ပါတယ်။ ဆေးလိပ်ဖြတ်သင့်ပါတယ်။
အဆီအအိမ့်များတဲ့ အစားအစာတွေကို အများကြီးစားတာကြောင့် ရင်ပူဝေဒနာ ဖြစ်တတ်ပါတယ်။ အစာတွေကို လိုအပ်တာထက် ပိုမစားဘဲ နေရင် အစာအိမ်အက်စစ်အထွက်နှုန်းက လျော့ကျသွားပါလိမ့်မယ်။ အထူးသဖြင့် အိပ်ရာမဝင်ခင် အစာများများမစားပါနဲ့။
ဝမ်းချုပ်တာကြောင့် အက်စစ်ဆန်တက်နိုင်ခြေများပြီး ရင်ပူတတ်ပါတယ်။

ကိုယ်အလေးချိန်
အဝလွန်သူနဲ့ ကိုယ်အလေးချိန်များတဲ့သူတွေမှာ ဝမ်းဗိုက်တစ်ဝိုက် အဆီပိုတွေရှိတာကြောင့် အစာအိမ်ပေါ် ဖိအားသက်ရောက်မှုများ စေပါတယ်။ အဝလွန်တဲ့သူ၊ ကိုယ်အလေးချိန်များတဲ့သူတွေအနေနဲ့ ကိုယ်အလေးချိန် လျှော့ချ လိုက်တဲ့အခါ အစာအိမ်အက်စစ်ဆန်တက်နိုင် ခြေလျော့နည်းသွားပြီး ရင်ပူဝေဒနာ သက်သာ သွားတတ်ပါတယ်။

ကိုယ်ဝန်ဆောင်ခြင်း
ကိုယ်ဝန်ဆောင်ချိန်မှာကြီးထွားလာတဲ့သားအိမ်က အစာအိမ်ပေါ်မှာ ဖိအားသက်ရောက်သွားစေပါတယ်။ ဒါကြောင့် အစာအိမ်အက်စစ်တွေ အထက်ကို ဆန်တက်ပြီး ရင်ပူတတ်ပါတယ်။

လှဲလျောင်းအိပ်စက်ခြင်း
အိပ်ရာထဲမှာ လှဲလျောင်းနေတာက ကမ္ဘာ့မြေဆွဲအားကြောင့် အစာအိမ်အက်စစ်ဆန်တက်နိုင်ခြေကို တိုးစေပါတယ်။ အိပ်ရာခေါင်းရင်းကို မြှင့်တင်တဲ့နည်းနဲ့ ဒါကို ရှောင်လွှဲလို့ရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top