Healthy Life Ad
International

အိမ်မီးလောင်ရာက ခန္ဓာကိုယ် ၉၅ ရာခိုင်နှုန်းနီးပါးလောင်ကျွမ်းခဲ့သူ

၊ ကိုထက် ၊

အသက်လေးနှစ်အရွယ်က ဂျွန်နီဟာ အိမ်နောက်ဖေးအိမ်လေးထဲမှာ ကစားနေတုန်း မိသားစု အချစ်တော်ခွေးက ဖယောင်းတိုင်ပေါ်မှောက်လျက်ကျရာက အိမ်လေး မီးစွဲလောင်သွားခဲ့ပါတယ်။ အိမ်မီးကြောင့် ဂျွန်နီ မီးစွဲလောင်ပိတ်မိနေခဲ့ရာ ဂျွန်နီရဲ့ စူးစူးဝါးဝါးအသံကြားမှ အစ်မဝမ်းကွဲဖြစ်သူက မီးတောက်တွေကြားမှ ဆွဲခေါ်ကာ ဂျွန်နီ့ကို ကယ်တင်ခဲ့ပါတယ်။

ဂျွန်နီရဲ့ ခန္ဓာကိုယ် ၉၅ ရာခိုင်နှုန်း မီးလောင်ခဲ့တဲ့အတွက် ပြန်လည်ပြုပြင်တဲ့ ခွဲစိတ်ကုသမှုပေါင်း ၈၀ ကျော် ပြုလုပ်ခဲ့ရပြီး သူ့အသွင်အပြင်ကို လက်ခံဖို့ ဂျွန်နီဟာ အစားပျက်ရောဂါရခဲ့တဲ့အထိ ခံစားခဲ့ရပါတယ်။

မြင်သူတိုင်းက သူ့ကိုကြောက်လန့်တယ်ဆိုတာသိခဲ့တဲ့ ဂျွန်နီက သူ့အသွင်အပြင်က ထူးခြားတယ်ဆိုတာကို တဖြည်းဖြည်းချင်း ကိ်ုယ့်ကိုယ်ကိုယ် လက်ခံနိုင်အောင် သင်ယူလေ့လာခဲ့ရပါတယ်။ “နေ့တိုင်း မှန်ကြည့်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် မုန်းခဲ့တယ်။ မီးလောင်ထဲကရှင်သန်သူဆိုတာထက် မီးလောင်ဒဏ်ရာကြားမှာ ရှင်သန်ဖို့ ကြိုးစားရသူဆို ရင်ပိုမှန်ပါတယ်”လို့ ဂျွန်နီက ဆိုပါတယ်။

မီးလောင်ဒဏ်ရာဆိုတာ ပြင်းထန်တဲ့အပူ (မီး ပူ၊ မီး) စတာတွေကြောင့် အရေပြားထိခိုက်တာဖြစ်ပြီး အပူရှိန်အလိုက် ဒဏ်ရာအဆင့် ကွာခြားမှုရှိပါတယ်။ အရေပြားမှာ နီမြန်းခြင်း၊ အရေပြားအဖတ်ကွာကျခြင်း၊ အရည်ကြည်ဖုပေါက်ခြင်း၊ အရေပြားရောင်ရမ်းခြင်း၊ အရေပြားဖြူသွားခြင်း စတာတွေ ဖြစ်ပြီး အလွန်နာကျင်တဲ့ ဝေဒနာ ခံစားရပါတယ်။

မီးပူလောင်တဲ့ ဒဏ်ရာကို ကုသဖို့ အပူထဲကနေ ဆွဲခေါ်ပြီး မိနစ် ၂၀ ခန့် ဘုံပိုင်ရေ ဒါမှမဟုတ် ရေအေးထဲမှာ အအေးခံရပါတယ်။ ရေခဲမသုံးရပါဘူး။ ဒဏ်ရာရသူ ဝတ်ထားတဲ့ အဝတ်အစား၊ လက်ဝတ်လက်စားတွေကို ဖယ်ရှားရပါတယ်။ ဒဏ်ရာရသူကို စောင်နဲ့နွေးနေအောင်ထားပြီး လိုအပ်ရင် အကိုက်ခဲပျောက်ဆေး ပါရာစီတမောတိုက်ကျွေးရပါတယ်။ မီးပူလောင်တဲ့နေရာက မျက်နှာနဲ့ မျက်ဝန်းတွေဖြစ်ရင် ရောင်ရမ်းမှုကျအောင် ထိုင်နေဖို့လိုပါတယ်။ အရေပြားထိခိုက်တဲ့ အဆင့်ပေါ်မူတည်ပြီး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

အခုအခါ အသက် ၁၈ နှစ်ရှိပြီဖြစ်တဲ့ ဂျွန်နီက ကုသမှုမျိုးစုံခံယူရင်း သူ့ကိုယ်သူ သားရဲတိရစ္ဆာန် တစ်ကောင်လို ခံစားရတဲ့ ထိတ်လန့်ကြောက်ရွံ့မှုကိုပါ ကျော်လွှားနေရသူပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top