Healthy Life Ad
Health Tips

ဗိုက်အောင့်ခြင်း၊ အစာမကြေခြင်းနှင့် ရင်ပူခြင်းတို့အတွက် အလွယ်ကုထုံး

– ကြက်စွပ်ပြုတ်
ကြက်စွပ်ပြုတ်သောက်ရင် ဗိုက်နာဗိုက်အောင့်တဲ့ ဝေဒနာကို သက်သာစေပြီး နာကျင်မှုကို လျော့ပါးစေပါတယ်။

– ရေနွေးအိတ်
ကိုက်ခဲနာကျင်တဲ့ နေရာမှာ ရေနွေးအိတ်နဲ့ အချိန် ၁၅ မိနစ်ခန့် ကပ်ပေးပါ။

– သစ်ကြံပိုးခေါက်၊ စမုံစပါး၊ ပင်စိမ်းနှင့် ပူဒီနာ (ပူစီနံ)
ဒီပါဝင်ပစ္စည်းအားလုံးကို ထမင်းစားဇွန်းတစ် ဇွန်းဆီ ယူပြီး ရေလီတာတစ်ဝက်ထဲ ထည့်ကာ အချိန် ၁၀ မိနစ်ခန့် ပြုတ်ပေးပါ။ နာရီဝက်ကြာတိုင်း တစ်ခွက်ကို သောက်ပေးရင် ဗိုက်မအီမသာ ဝေဒနာကို သက်သာစေပါတယ်။

– သံပရိုရည်နှင့် ဆော်ဒါမှုန့်
သံပရိုရည်နဲ့ ဆော်ဒါမှုန့်အရောဟာ သဘာဝ အက်ဆစ်တားဂုဏ်သတ္တိရှိတဲ့အတွက် ရင်ပူဝေဒနာ ကို သက်သာစေပါတယ်။ ဆော်ဒါမှုန့် လက်ဖက်စား ဇွန်းတစ်ဇွန်း၊ သံပရိုရည်အနည်းငယ်နဲ့ ရေဖန်ခွက် တစ်ဝက်တို့ကို ရောမွှေပြီး ဖြည်းဖြည်းချင်း သောက် ပေးရမှာဖြစ်ပါတယ်။

– ချမိုမိုင်းရေနွေးကြမ်း (Chamomile Tea)
ချမိုမိုင်းရေနွေးကြမ်းသောက်ပေးရင် အစာအိမ်ကြွက်သားတွေကို ပျော့ပျောင်းစေပြီး နာကျင်မှုကို သက်သာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top