Healthy Life Ad
Health Tips

ရင်ပူစေသောအကြောင်းများနှင့် သက်သာစေမည့် အလွယ်ကုထုံးများ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ရင်ပူတယ်ဆိုတာ အစာအိမ်ထဲက အစာခြေရည်နဲ့ ချေဖျက်ဆဲအစာတွေ အစာရေမျိုဆီကို ပြန်လှန်တက်တာကြောင့် လည်ပင်းနဲ့ ရင်ညွန့်နေရာတွေမှာ မီးလောင်သလို ပူတဲ့ နာကျင်မှု ခံစားရတာ ဖြစ် ပါတယ်။ ရင်ပူဝေဒနာရစေတဲ့ အကြောင်းရင်းတွေ ရှိပါတယ်။
အဓိကအနေနဲ့ နေ့စဉ်စားသောက်တဲ့ အစားအသောက်တချို့ဟာ အစာအိမ်အက်စစ်အထွက် တိုးစေပြီး ရင်ပူဝေဒနာရစေပါတယ်။ အထူးသဖြင့် အရက်၊ ကဖင်းပါတဲ့ အစားအသောက်၊ အက်စ်ပရင်၊ အကိုက်အခဲပျောက်ဆေးတချို့၊ အက်စစ်ဓာတ်ကဲတဲ့အချိုရည် စတာတွေကို များများ စားသောက်တာကြောင့် ရင်ပူရတတ်ပါတယ်။

ဆေးလိပ်နဲ့ အဆီများတဲ့ အစာတွေကြောင့်လည်း အစာရေမျိုပြွန်ထဲကိုအက်စစ်တွေ ရောက်ရှိမှုများပြီး ရင်ပူရတတ်ပါတယ်။
ကိုယ်ဝန်ဆောင်တာ၊ အဝလွန်တာနဲ့ အစာ ရေမျိုပြွန်ဆိုင်ရာ ရောဂါဝေဒနာတွေ ဖြစ်တာကြောင့်လည်း ရင်ပူရတတ်ပါတယ်။

ရင်ပူဝေဒနာ သက်သာစေရန်
ရင်ပူတာက အဖြစ်များပြီး အလွန်အမင်း ခံစားရခက်တဲ့ ဝေဒနာပါ။ အစာတွေကို အများကြီး စားမိတာနဲ့ မြန်မြန် စားတာကြောင့် ရင်ပူတတ်သလို ဟင်းခတ်အမွှေးအကြိုင်ကဲတဲ့ အစားအသောက်တွေ ကြောင့်လည်း ရင်ပူတတ်ပါတယ်။ ရင်ပူဝေဒနာ သက်သာစေဖို့ အောက်ပါအချက်တွေကို လိုက်နာပါ။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားသောက်ပါ။

မတ်မတ်နေပါ။ မတ်တပ်ရပ်ရင် ကမ္ဘာ့မြေဆွဲအားဟာ အစာအိမ်ထဲမှာ အက်ဆစ်တွေ ရှိနေစေပါတယ်။ အစာစားပြီးချိန်မှာ လှဲလျောင်းတာ၊ ခန္ဓာကိုယ် ကွေးညွတ်တာတို့ မလုပ်ပါနဲ့။

ရင်ပူသလို စတင်ခံစားရရင် ရေတစ်ဖန်ခွက်သောက်ပါ။ ရေက အစာရေမျိုပြွန်တစ်လျှောက်နဲ့ အစာအိမ်ထဲကို အက်စစ်တွေ ရောက်ရှိသွားစေပါတယ်။

အစာကိုနည်းနည်းနဲ့ မကြာခဏ စားပါ။ အိပ်ရာဝင်ခါနီး အစာများများ မစားပါနဲ့။ ရင်ပူဝေဒနာကို မကြာခဏ ခံစားရရင် အရက်၊ အက်စ်ပရင်၊ အိုင်ဗျူ ပရိုဖန်နဲ့ ကဖင်းတွေကို ရှောင်ပါ။ ဆေးလိပ်ဖြတ်ပါ။ အိပ်တဲ့အခါ ဦးခေါင်းကို အနည်းငယ်မြှင့်ပြီး အိပ်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top