Healthy Life Ad
Health Tips

အလုပ်လုပ်သူတိုင်း နာမကျန်းမှုကင်းဝေးစေဖို့ . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

သင့်လုပ်ဖော်ကိုင်ဖက်တစ်ဦးဦး နေမကောင်းတဲ့အခါ ဒါမှမဟုတ် သင်နေမကောင်းတဲ့အခါ တစ်ဦးနဲ့တစ်ဦး ကူးစက်မှုမရှိစေဖို့ နီးနီးကပ်ကပ်နေတာကို ခဏတာ ရှောင်ရှားသင့်ပါတယ်။ လုပ်ငန်းခွင်မှာ တစ်ဦးနဲ့တစ်ဦး ပိုးကူးစက်ပျံ့နှံ့မှုအန္တရာယ် လျော့ကျစေဖို့ အမေရိကန်ရောဂါကာကွယ် ထိန်းချုပ်ရေး စင်တာက အောက်ပါအတိုင်း အကြံပြုချက်ပေးထားပါတယ်။

တစ်နှစ်တစ်ကြိမ် တုပ်ကွေးကာကွယ်ဆေးထိုးနှံပါ။

နာမကျန်းဖြစ်နေရင် အလုပ်ကိုမသွားဘဲ အိမ်မှာအနားယူတာက အကောင်းဆုံးဖြစ်ပါတယ်။

တကယ်လို့ လုပ်ငန်းခွင်ကို သွားရင် နာမကျန်းဖြစ်နေတဲ့ တခြားသူတွေနဲ့ နီးနီးကပ်ကပ်နေတာကို ရှောင်ရှားပါ။ သင်အအေးမိတာ၊ တုပ်ကွေးကွေးတာနဲ့ ချောင်းဆိုးတာတို့ ဖြစ်နေရင်လည်း တခြားသူတွေနဲ့ နီးနီးကပ်ကပ်မနေပါနဲ့။

ချောင်းဆိုးတာနဲ့ နှာချေတာတွေဖြစ်တဲ့အခါ သေးငယ်လွန်းတဲ့ ပိုးပါတဲ့အမှုန်အမွှားတွေကလေထဲကို ပျံ့နှံ့ရောက်ရှိတတ်တာကြောင့် ဒီနည်းလမ်းနဲ့ အအေးမိပိုးနဲ့ တုပ်ကွေးပိုးတို့ ကူးစက်ပျံ့နှံ့တတ်ပါတယ်။ ဒါကြောင့် နှာချေတဲ့အခါနဲ့ ချောင်းဆိုးတဲ့အခါတွေမှာ ပါးစပ်နဲ့နှာခေါင်းကို တစ်သျှူးကို အုပ်ထားပေးပါ။

လက်ကိုပုံမှန်နဲ့ စနစ်တကျ ဆေးကြောသန့်စင်ပေးပါ။

အစာမစားခင်၊ အစာကိုမပြင်ဆင်ခင်၊ အိမ်သာတက်ပြီးချိန်နဲ့ ကလေးသေးနှီးလဲပေးချိန်တွေမှာ လက်ကိုမကြာခဏ ဆေးကြောပေးရပါမယ်။

မဆေးကြောရသေးတဲ့ လက်နဲ့မျက်စိ၊ နှာခေါင်းနဲ့ ပါးစပ်ကို မကြာခဏ ထိတွေ့မှု ရှောင်ကြဉ်ပါ။လက်ကို မကြာခဏ ဆေးကြောတာက ရောဂါပိုးတွေကို ကာကွယ်တွန်းလှန်နိုင်တဲ့ ထိရောက်မှု အရှိဆုံးနည်းဖြစ်ပေမယ့် လူအများစုလျစ်လျူရှုမိတတ်တဲ့ နည်းလမ်းလည်း ဖြစ်နေပါတယ်။ ပိုးမွှားတွေသေစေဖို့ လက်တွေကို ဆပ်ပြာနဲ့ ရေသုံးပြီး မကြာခဏ ဆေးကြောပေးသင့်ပါတယ်။ လက်ကို တစ်ကြိမ် ဆေးကြောတိုင်း အနည်းဆုံး ၁၅စက္ကန့်ကြာ ဆေးပေးပါ။ ရေမလိုတဲ့ လက်ဆေးဆပ်ပြာဂျဲလ်ကို ဆောင်ထားသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top