Healthy Life Ad
Health Tips

လေဖြတ်နိုင်ခြေ လျော့ကျစေရန် တစ်နေ့ ကြက်ဥ၊ ဘဲဥတစ်လုံး စားသင့်

၊ ZKO ၊

တစ်နေ့မှာ ပရိုတင်းဓာတ်ပါဝင်မှု မြင့်မားတဲ့ ကြက်ဥ၊ ဘဲဥတစ်လုံးစားပေးရင် လေဖြတ်နိုင်ခြေကို ၁၂ ရာခိုင်နှုန်း လျော့ကျစေနိုင်ဖွယ်ရာရှိကြောင်း လေ့လာမှုအသစ်က ဆိုပါတယ်။

ကြက်ဥ၊ ဘဲဥခပ်ကြီးကြီးတစ်လုံးမှာ အရည်အသွေးမြင့် ပရိုတင်းဓာတ် ၆ ဂရမ်နဲ့ လူတင်၊ ဇီဇန်သင်း တို့လို အင်တီအောက်ဆီးဒင့်တွေပါဝင်ပါတယ်။ ကြက်ဥ၊ ဘဲဥအနှစ်မှာ ဗီတာမင်အီး၊ ဒီနဲ့အေလည်း ပါဝင်နေပါတယ်။

“ကြက်ဥ၊ ဘဲဥမှာ အင်တီအောက်ဆီးဒင့် အပါအဝင် အာဟာရဓာတ်တွေပါတဲ့အတွက် ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ ပရိုတင်းကောင်းစွာပါတဲ့ အတွက် သွေးတိုးကိုကျစေပါတယ်”လို့ အမေရိကန် မီချီဂန်ပြည်နယ်က လေ့လာသူက ဆိုပါတယ်။ လေ့လာမှုကို ၁၉၈၂ ကနေ ၂၀၁၅ အထိ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

“ကြက်ဥစားတာကြောင့် လေဖြတ်နိုင်ခြေ လျော့ကျစေတယ်”လို့ လေ့လာမှုရလဒ်အရ ထုတ်ပြန်ခဲ့ပါတယ်။ ဒီတွေ့ရှိချက်ကို အမေရိကန် အာဟာရဂျာနယ်မှာ ဖော်ပြထားပါတယ်။

(Ref; TOT)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top