Healthy Life Ad
Health Tips

အရိုး၊ နှလုံးနှင့် အသားအရေကျန်းမာရေးအတွက် ကြက်ဥအကာ၏ ကောင်းကျိုးများ

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ကြက်ဥအကာတွေက ကယ်လိုရီနည်းပါးတဲ့ အစာဖြစ်ပြီး ၁၇ ကယ်လိုရီ ပါဝင်ပါတယ်။ ကိုလက်စထရောနဲ့ ပြည့်ဝဆီ မပါဝင်တဲ့အတွက် နှလုံးရောဂါ ဒါမှမဟုတ် ဆီးချိုရောဂါ ခံစားနေရသူတွေ၊ သွေးတွင်းကိုလက်စထရောအဆင့် ထိန်းနေရသူတွေအတွက် အထူးသင့်တော်ပါတယ်။ ကြက်ဥအကာမှာ သကြားဓာတ် ဒါမှမဟုတ် ကာဗိုဟိုက်ဒရိတ် လုံးဝမပါဝင်ပါ။

(၁) နှလုံးရောဂါဖြစ်နှုန်းကို လျော့ကျစေပါတယ်

ကြက်ဥအကာတစ်လုံးမှာ ပိုတက်ဆီယမ် ၅၄ မီလီဂရမ်ပါဝင်ပြီး ဒါက အရိုးကျန်းမာရေး၊ နှလုံးကျန်းမာရေး၊ ဆဲလ်နဲ့ ကိုယ်တွင်းအင်္ဂါလုပ်ငန်းဆောင်တာ ကောင်းမွန်မှုတို့အတွက် အရေးပါတဲ့ အဓိက သတ္တုဓာတ်တစ်မျိုးပါ။ နေ့တိုင်း ပိုတက်ဆီယမ် ၄၀၆၉ မီလီဂရမ်ကို စားပေးရင် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ခြေကို ၃၇ ရာခိုင်နှုန်း၊ နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေကို ၄၉ ရာခိုင်နှုန်း လျော့ကျစေတယ်လို့ သိရပါတယ်။

(၂) ကြွက်သား သန်စွမ်းကြီးထွားစေပါတယ်

ပရိုတင်းပါဝင်မှုများတဲ့ ကြက်ဥအကာတွေက ကြွက်သားသန်စွမ်းစေပါတယ်။ ကြက်ဥအကာတွေကို ပုံမှန်စားပေးရင် နုံးချည့်ညောင်းညာမှုကို တွန်းလှန်ပေးပြီး ကြွက်သားသန်စွမ်းစေကာ ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေပါတယ်။

alignnone size-medium wp-image-61863
(၃) အရိုးသန်စွမ်းစေပါတယ်

ကြက်ဥအကာတွေမှာ ကယ်လ်ဆီယမ်ပါဝင်မှု များပါတယ်။ ကယ်လ်ဆီယမ်ပါဝင်မှုများတဲ့ အစားအသောက်တွေက အရိုးကျန်းမာရေးအတွက် သင့်တော်ပါတယ်။ နေ့တိုင်း အစားအသောက်ထဲမှာ ကြက်ဥအကာပါရင် အရိုးသန်စွမ်းစေပြီး အရိုးအက်တာနဲ့ အရိုးပွရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ကြက်ဥအကာက အရိုးတွေရဲ့ သက်တမ်းနဲ့ အရိုးသိပ်သည်းဆကို ပိုကောင်းစေပါတယ်။

(၄) အသားအရေကျန်းမာရေးကို ကောင်းမွန်စေပါတယ်

ကြက်ဥအကာမှာ ကော်လာဂျင်ပါတာကြောင့် အသားအရေကို တင်းရင်းစေပါတယ်။ ကြက်ဥအကာမှာပါတဲ့ အကျိုးပြုဘက်တီးရီးယားတွေက မျက်နှာပေါင်းတင်ဆေးအဖြစ် အသုံးဝင်ထိရောက်ပါတယ်။ ကြက်ဥအကာကို အသားအရေထိန်းပစ္စည်းတွေထဲမှာ ခရမ်းလွန်ရောင်ခြည်၊ အရေးကြောင်းနဲ့ အစိုဓာတ်ထိန်းဖို့အတွက် အသုံးပြုလေ့ရှိတယ်လို့ လေ့လာမှုတစ်ခုအရ သိရပါတယ်။ ကြက်ဥအကာမှာပါတဲ့ ပရိုတင်းဓာတ်နဲ့ ကော်လာဂျင်ဓာတ်က နေဒဏ်ကြောင့်ဖြစ်တဲ့ အရေးကြောင်းတွေကို လျော့ကျစေလို့ပါပဲ။

alignnone size-medium wp-image-61862
(၅) ဓာတ်ဆားအဆင့်ကို ကောင်းမွန်စေပါတယ်

ကြက်ဥအကာမှာပါတဲ့ ပိုတက်ဆီယမ်ဓာတ်က သင့်ကိုယ်တွင်းဓာတ်ဆားတွေကို လုံလောက်မှုရှိစေပြီး လေဖြတ်ဝေဒနာမရအောင် ကာကွယ်ပေးကာ ကြွက်သားလုပ်ငန်းဆောင်တာကို အားပေးပါတယ်၊ နှလုံးကျန်းမာစေပါတယ်။ ကြက်ဥအကာမှာပါတဲ့ ဓာတ်ဆားတွေက ကိုယ်တွင်းဆဲလ်တွေကို ကာကွယ်ရာမှာ ကူညီပေးပြီး သွေးဖိအားထိန်းပေးကာ ကိုယ်တွင်းမှာ ဆိုဒီယမ်မများအောင် ထိန်းညှိပေးပါတယ်။

Most Popular

Healthy Life Ad
To Top