Healthy Life Ad
Q & A

သွေးတိုးလွန်းတဲ့အခါ လေဖြတ်နိုင်သလား . . .

—–၊ ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ၊—–

Q. သွေးအရမ်းတိုးလာတဲ့အခါမှာ လေဖြတ်တာတွေ၊ ဦးနှောက်သွေးကြောပြတ်တာတွေ ဖြစ်တတ်တယ်လို့ ပြောကြတယ်။ ဘယ်လိုအခြေအနေတွေမှာ ဖြစ်တတ်ပါသလဲ ဆရာ။
TT(FB)

A. ဖြစ်တတ်ပါတယ်။ မနက်ကအကောင်းကြီး ညနေကျမှ မူးတယ်..မူးတယ်ဆိုပြီး လေဖြတ်သွားတယ်ဆိုတာ မကြာခဏ ဖြစ်တတ်ပါတယ်။ သာမန်လူတွေ အိပ်လိုက်ရင် မနက် ၂ နာရီမှာ ခန္ဓာကိုယ်ရဲ ့ Metabolism က နှေးသွားပါတယ်။ တချို့သွေးတိုးရောဂါရှိနေတဲ့ သူတွေမှာတော့ အဲဒီအချိန်မှာ Body Metabolism က နှေးမသွားတာကြောင့် ကြောက်ရပါတယ်။ သူတို့က အဲဒီအချိန်မှာ ဦးနှောက်သွေးကြောပိတ်ပြီး လေဖြတ်တတ်ပါတယ်။ ဒါကို Non-dipping လို့ ခေါ်ပါတယ်။ တချို့ကျတော့ မနက်ကျမှ သွေးဖိအားဆောင့်တက်(Morning Surge) ပြီး ဦးနှောက်သွေးကြောပေါက်ကာ လေဖြတ်တတ်ပါတယ်။ အစားအသောက် မဆင်ခြင်တာနဲ့ စိတ်ဖိစီးမှုများတာတွေကြောင့်လည်း ဦးနှောက်သွေးကြောပေါက်ပြီး လေဖြတ်တတ်ပါတယ်။

Most Popular

Healthy Life Ad
To Top