Healthy Life Ad
Health Tips

ဘီယာကြောင့် ဗိုက်ပူနေပြီဆိုလျှင် . . .

ဘီယာ အသောက်များတာကြောင့် ဝမ်းဗိုက်က ပူလာတတ်ပါတယ်။ ဒါကို ဘီယာဗိုက် (Beer Belly)လို့ခေါ်ဝေါ်ကြပါတယ်။ အကြောင်းကတော့ ဘီယာသောက်တဲ့ အမျိုးသားတွေက ဝမ်းဗိုက်တစ်ဝိုက်မှာအဆီတွေကို သိုလှောင်ထားလို့ ဗိုက်ပူတာ ဖြစ်ပါတယ်။ အမျိုးသားတွေအနေနဲ့ ဗိုက်ပူရတာက ဘီယာသောက်တာတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ လေ့ကျင့်ခန်း မလုပ်တာ၊ လှုပ်ရှားမှုနည်းတာ၊ အထိုင်များတာနဲ့အဆီများတဲ့ အစားအသောက်တွေကို စားတာတွေကလည်း အမျိုးသားတွေကို ဗိုက်ပူစေတဲ့ အကြောင်းရင်းတစ်ရပ်ပါပဲ။ ဗိုက်ပူတာက နှလုံးရောဂါ၊ ဆီးချို သွေးချိုရောဂါ၊ အသည်းအဆီဖုံးရောဂါ စတဲ့ နာ တာရှည်ရောဂါတွေနဲ့ ဆက်စပ်မှုရှိနေတာကြောင့် ဗိုက်ပူတာ လျော့ကျစေဖို့ အောက်ပါအချက်တွေကို လိုက်နာပေးသင့်ပါတယ်။

– အဆီကို နည်းနည်းပဲ စားပါ။

– လေ့ကျင့်ခန်းတချို့ကို လုပ်ဆောင်ပေးပါ။ ပြေးတာ၊ စက်ဘီးစီးတာ၊ လှေကားတက်တာစတဲ့ လေ့ကျင့်ခန်းတချို့ကို လုပ်ဆောင်ပေးပါ။

– နံနက်စာမှန်မှန်စားပါ။ ညစာကို အိပ်ရာမဝင်ခင် အနည်းဆုံး နှစ်နာရီခွာပြီး စားပါ။

– အစာကို တစ်ကြိမ်စားတိုင်း နည်းနည်းပဲ စားပေးပါ။ အထူးသဖြင့် ကာဗိုဟိုက်ဒရိတ်များတဲ့အစာတွေကို လျှော့စားပြီး ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကိုများများစားကာ စိတ်ကျေနပ်မှုရယူပါ။

– အယ်လ်ကိုဟောပါတဲ့ အရည်၊ အထူးသဖြင့်ဘီ ယာကို တတ်နိုင်သမျှ ရှောင်ပါ။ မသောက်ဘဲ မနေနိုင်ပါက အသင့်အတင့်ပဲ သောက်ပေးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top