Healthy Life Ad
Life Style

သင့်ကိုဝစေသော အချက်ရှစ်ရပ်

———၊ ငွေစင်ကြယ်ယံ ၊———

ကိုယ်အလေးချိန်ကို ထိန်းသိမ်းလိုသူတွေအနေနဲ့ ထင်မှတ်မထားတဲ့ ဝစေနိုင်တဲ့အချက်တွေကို သိထားသင့်ပါတယ်။

(၁) မစားခင် အညွှန်းကို ဖတ်မကြည့်ခြင်း

အစားအသောက်တွေကို ပုံမှန်စားနေပေမယ့် ကိုယ်အလေးချိန်တက်မလာတဲ့သူတွေ ရှိနေသလို အစားအသောက်ကို ထိန်းချုပ်ပြီး စားနေပေမယ့် ကိုယ်အလေးချိန်ကျမသွားတဲ့သူတွေလည်း ရှိနေပါလိမ့်မယ်။ ဘာကွာခြားလို့လဲဆိုတာ သိချင်နေမှာပါ။ အကြောင်းကတော့ ကိုယ်အလေးချိန်တက်မလာတဲ့သူတွေက အစားအသောက်တွေကို ဝယ်ယူတဲ့အခါ အညွှန်းကို ဖတ်ရှုလေ့လာတဲ့ အလေ့အထနဲ့ ပါဝင်ပစ္စည်းတွေထဲက ဆောင်ရန်၊ ရှောင်ရန်တွေကိုပါ သိထားလို့ပါ။

(၂) ဆော်ဒါအချိုရည်သောက်သော အလေ့အထ

လေ့လာမှုတွေအရ တစ်နေ့မှာ ဆော်ဒါအချိုရည် နှစ်ခွက်နဲ့အထက်သောက်ရင် ဆော်ဒါအချိုရည်ကို မသောက်တဲ့သူတွေထက် ခါးအတိုင်းအတာက ခြောက်ဆလောက် ပိုတုတ်လာတယ်လို့ သိရပါတယ်။

(၃) အိပ်ရေးပျက်ခြင်း

လေ့လာမှုအသစ်တစ်ရပ်အရ အိပ်ရေးပျက်တဲ့အခါ နောက်တစ်နေ့မှာ စိတ်ပိုင်းဆိုင်ရာ တက်ကြွမှုမရှိတော့ဘဲ အစာကို အလွန်အကျွံစားချင်တဲ့ဓာတ်တွေ အထွက်များလာတာကြောင့် ကိုယ်အလေးချိန်များလာရတယ်လို့ သိရပါတယ်။ အိပ်ငိုက်နေတဲ့သူတွေက ကောင်းကောင်းအိပ်ရေးဝသူတွေထက် ကယ်လိုရီလောင်ကျွမ်းနှုန်း ပိုမိုလျော့နည်းတယ်လို့ ရုစဗဲ့ဆေးရုံရဲ ့ လေ့လာမှုအရသိရပါတယ်။

(၄) အခန်းအပူချိန်

ကိုယ်အလေးချိန် လျော့ကျလိုပါသလား။ အခန်းအပူချိန်ကို လျှော့ချထားလိုက်ပါ။ နွေးနွေးထွေးထွေးရှိတဲ့ အိမ်မှာနေရင် ကိုယ်အလေးချိန်တက်လာစေတယ်လို့ အဝလွန်မှုဆိုင်ရာဂျာနယ်ရဲ ့ လေ့လာမှုအရ သိရပါတယ်။ ခန္ဓာကိုယ်တွေက အေးနေတဲ့အခါ ကြွက်သားတွေက အပူထုတ်နိုင်ဖို့ ကျုံ ့ရတာကြောင့် ကယ်လိုရီကို လောင်ကျွမ်းစေတာ ဖြစ်ပါတယ်။

(၅) ဝသောသူငယ်ချင်းများရှိခြင်း

နယူးအင်္ဂလန်ဂျာနယ်ရဲ ့ လေ့လာမှုအရ လူတွေမှာ အဝလွန်တဲ့ သူငယ်ချင်းရှိရင် အဝလွန်တာမျိုး ဖြစ်နိုင်ခြေများတယ်လို့ သိရပါတယ်။ အသက် ၃၂ နှစ်ကျော်သူ ၁၂၀၆၇ ဦးကို လေ့လာမှုအရ အဝလွန်သူတွေနဲ့ ရင်းရင်းနှီးနှီး ပေါင်းဖော်လေ့ရှိသူတွေက အဝလွန်နိုင်ခြေ ၁၇၁ ရာခိုင်နှုန်း ပိုမြင့်လာနိုင်ခြေရှိကြောင်း တွေ့ရှိရပါတယ်။ ဒါက သူငယ်ချင်းအပေါင်းအသင်းရဲ ့ လွှမ်းမိုးမှုကြောင့် ဖြစ်ရတာဖြစ်ပါတယ်။ တကယ်လို့ သင်က သွယ်လျပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်ကို စားသူနဲ့ ပေါင်းဖော်နေရင် သင်ပါ ကိုယ်အလေးချိန် လျော့ကျလာနိုင်ပါတယ်။

(၆) အစာကို အလွန်အမင်းစားခြင်း

တစ်နေ့လုံး အစာကို နည်းနည်းနဲ့ မကြာခဏ စားနေတာက ကယ်လိုရီအများစုကို လျော့ကျဖို့ လွယ်ကူပါတယ်။ တကယ်လို့ အစာကို တစ်ချိန်တည်းမှာ အများကြီးစားတတ်တဲ့ အလေ့အထရှိရင်တော့ ကိုယ်အလေးချိန် မြင့်တက်လာနိုင်ပါတယ်။

(၇) အဆိပ်ရှိသော ဓာတုပစ္စည်းများ

ကျန်းမာနေတဲ့ ကိုယ်ခံစွမ်းအားစနစ်က ဝစေတဲ့ဓာတုပစ္စည်းတွေရဲ ့ အန္တရာယ်ကို လျော့ကျစေပါတယ်။ သင့်အနေနဲ့ အစားအသောက်တွေကို ပလတ်စတစ်ထဲထည့်ပြီးစားရင် ပလတ်စတစ်ထဲမှာ သားလိတ် (phthalate) ဆိုတဲ့ ဓာတ်ပါဝင်ကာ အဲဒီဓာတ်ဟာ အဝလွန်စေတဲ့ ဓာတုပစ္စည်းတွေကို ထွက်နှုန်းတိုးစေပါတယ်။

(၈) စိတ်ဖိစီးမှုအဆင့်

နာတာရှည်ဖိစီးမှုခံစားနေရရင် သင့်ခန္ဓာကိုယ်ကနေ ကော်တီဆောနဲ့ အင်ဆူလင်ထွက်နှုန်း များစေပါတယ်။ ဒီဓာတ်တွေက အစာစားချင်စိတ်ကို တိုးစေပါတယ်။ အဲဒီအခါ ကယ်လိုရီများတဲ့ အချိုစာနဲ့ အဆီစာတွေကို များများစားဖြစ်နိုင်ပါတယ်။ ဒါကြောင့် အစာနဲ့ ဖိစီးမှုကို ဖြေဖျောက်ရာက စိတ်ကျေနပ်မှုကို ရနိုင်ပေမယ့် ကိုယ်အလေးချိန်တော့ မြင့်တက်လာပါလိမ့်မယ်။

Most Popular

Healthy Life Ad
To Top