Healthy Life Ad
Health Tips

၀မ်းဗိုက်ချပ်ရပ်စေမည့် အစားအစာများ

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ဗိုက်ပူနေလို့ စိတ်ညစ်နေရတယ်ဆိုရင်တော့ သတင်းကောင်းတစ်ခုပေးချင်ပါတယ်။ မကောင်းတဲ့အဆီတွေကိုရှောင်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေကို စားပေးတာက သင့်ခန္ဓာကိုယ်ပေါ်က လျော့ကျခဲတဲ့ ဗိုက်အဆီတွေကို တကယ်ကျဆင်းစေပါတယ်။

(၁) ထောပတ်သီး

ထောပတ်သီးမှာ တခြားအသီးတွေထက် နှလုံးကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီများစွာပါဝင်ပြီး မကောင်းတဲ့ ကိုလက်စထရောကျစေတဲ့ ဘီတာစစ်စတီရောတွေလည်း ပါဝင်နေပါတယ်။

Tip!

ထောပတ်သီးကို အလုံးလိုက်ကြိတ်ချေပြီး စားပေးပါ။ ဒါမှမဟုတ် ထောပတ်သီးကို အစိတ်ပါးတွေလှီးပြီး ဟင်းသီးဟင်းရွက်စိမ်းတွေနဲ့ သုပ်စားပါ။

(၂) အညိုရောင်ချောကလက်

အညိုရောင်ချောကလက်မှာ ပါဝင်တဲ့ အစွမ်းထက်ဒြပ်ပေါင်းတွေဟာ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ကင်ဆာရောဂါနဲ့ ဆီးချိုသွေးချိုရောဂါ စတာတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။

Tip!

အညိုရောင်ချောကလက်ကို ရေနွေးပူပူနဲ့ဖျော်ပြီး လတ်ဆတ်တဲ့ စတော်ဘယ်ရီသီးတွေနဲ့ ရောသောက်ပါ။

(၃) အခွံမာသီး

သင်စားတဲ့ အစားအစာထဲမှာ အခွံမာသီးထည့်စားပေးရင် နှလုံးကို ကျန်းမာစေပါတယ်။ အခွံမာသီးမှာပါဝင်တဲ့ အမျှင်ဓာတ်တွေဟာ အစာကြေညက်စေပါတယ်။

Tip!

တစ်နေ့မှာ အခွံမာသီးကို ထမင်းစားဇွန်းနှစ်ဇွန်းခန့် စားပေးပါ။

(၄) မြေပဲထောပတ်

မြေပဲထောပတ်မှာပါတဲ့ အင်တီအောက်ဆီးဒင့်ဖြစ်တဲ့ ဗီတာမင်အီး၊ အရိုးတွေကို တည်ဆောက်ပေးတဲ့ မဂ္ဂနီစီယမ်၊ ကြွက်သားတွေကို သန်စွမ်းစေတဲ့ ပိုတက်စီယမ်နဲ့ ခုခံစွမ်းအားစနစ်ကို ကောင်းမွန်စေတဲ့ ဗီတာမင် B6 စတဲ့ အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

Tip!

မြေပဲထောပတ်ကို အညိုရောင်ပေါင်မုန့်နဲ့ တွဲစားပေးနိုင်ပါတယ်။

(၅) သံလွင်ဆီ

သံလွင်ဆီမှာ မကောင်းတဲ့ကိုလက်စထရောတွေကို လျော့ကျစေတဲ့ MUFA ပါဝင်တာကြောင့် ဟင်းချက်ရာနဲ့ အရွက်သုပ်တွေစားရာမှာ ထည့်ပြီး စားသုံးသင့်ပါတယ်။ သံလွင်ဆီက ပိုပြီးစိမ်းလေလေ၊ အင်တီအောက်ဆီးဒင့် ပိုမိုပါဝင်လေလေ ဖြစ်တာကြောင့် ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်မှုရှိပါတယ်။

Tip!

ခရမ်းချဉ်သီးသုပ်၊ ဟင်းသီးဟင်းရွက်သုပ် စတာတွေ စားသုံးရာမှာ သံလွင်ဆီထည့်စားပါ။

(၆) Pistachios

Pistachios မှာ လူတင်နဲ့ ဇီဇန်သင်းဓာတ်တွေ ပါဝင်နေတာကြောင့် အသက်ကြီးသူတွေမှာ ဖြစ်တတ်တဲ့ မက်ကူလာယိုယွင်းခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဝမ်းဗိုက်အဆီကိုလည်း လျော့ကျစေပါတယ်။

Tip!

Pistachios ကို သရေစာအဖြစ် စားပေးပါ။

(၇) သီဟိုဠ်စေ့

သီဟိုဠ်စေ့မှာ အိုမီဂါသရီး ဖက်တီးအက်စစ်တွေ ပေါများစွာ ပါဝင်နေတာကြောင့် နှလုံးရောဂါကင်းဝေးစေပြီး ဦးနှောက်ကိုပါ ကျန်းမာနေစေပါတယ်။

Tip!

သင်စားမယ့် ဟင်းရွက်စိမ်းသုပ်ထဲမှာ သီဟိုဠ်စေ့ ထမင်းစားဇွန်းနှစ်ဇွန်း ထည့်စားပေးပါ။

(ဂ) နေကြာစေ့

နေကြာစေ့မှာ ပါဝင်တဲ့ ဗီတာမင်ဘီတွေဟာ ရောင်ရမ်းခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဗီတာမင်အီးလည်း ပေါများစွာ ပါဝင်နေတာကြောင့် အရွယ်မတိုင်ခင် အိုမင်းမှုမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

Tip!

နေကြာစေ့ကို ဗိုက်ဆာတဲ့အခါ သရေစာအဖြစ်စားပါ။

သတိပြုရန်။ ။ အဆင်သင့်အစာ၊ ဆီကြော်စာတွေရှောင်ပြီး ဒီအစာတွေကိုစားရင်း လေ့ကျင့်ခန်းကို ပြုလုပ်ပေးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top