Healthy Life Ad
Health Tips

လေထ၊ လေပွခြင်းကြောင့် ဗိုက်ပူနေတယ်

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

“ဗိုက်က အဆီကြောင့် ပူနေတာမဟုတ်ဘဲ လေတွေနဲ့ပြည့်ပြီးပူတယ်၊ ဘယ်လိုလုပ်ရမလဲ”

ဒါမျိုးမေးခွန်းတွေ မကြာခဏ လာလာမေးကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး နားလည်အောင်ပြောပြရရင် အစာအိမ်ထဲကနေ လေထုတ်လုပ်တာက အစာခြေစနစ်ရဲ ့ လုပ်ငန်းဆောင်တာတွေထဲက သဘာဝအစိတ်အပိုင်းတစ်ခုပါ။ ဒါပေမဲ့ အစာအိမ်ထဲမှာ လေတွေအလွန်အမင်းထွက်လာပြီဆိုရင်တော့ ကျန်းမာရေးလည်း မကောင်းတော့ဘူး၊ ဝမ်းဗိုက်လည်း ပူလာတတ်ပါတယ်။

ဘယ်လိုအကြောင်းတွေကြောင့် လေတွေအများအပြားထွက်ရတာလဲ

• အစာကို ကြေညက်အောင်ဝါးမစားလို့

• အရက်အလွန်အမင်းသောက်လို့

• ပူစပ်ပြီး လေထစေတဲ့အစာတွေစားလို့

• စိတ်ဖိစီးပြီး သောကများလို့

• မကောင်းတဲ့ ဘက်တီးရီးယားပိုးဝင်လို့

• အစာခြေစနစ်က အလုပ်ကောင်းကောင်းမလုပ်လို့

လေထတဲ့အခါ ဘယ်လိုခံစားရလဲ

ဒါကတော့ ထင်ရှားပါတယ်။ လေထတဲ့အခါ-

(၁) တဂေ့ဂေ့နဲ့ လေချဉ်တက်လာမယ်

(၂) အစာစားချင်စိတ် မရှိတော့ဘူး

(၃) ဗိုက်ကလေပွပြီး ပူနေမယ်

(၄) ဗိုက်နာမယ်

(၅) ရင်ဘတ်မှာ လေခံနေမယ်

အစာအိမ်မှာ လေထုတ်လုပ်မှုမများအောင် ဘယ်လိုလုပ်မလဲ

၁။ မနက်ခင်းမှာ ရေနွေးသောက်ပါ။ ဒါက အစာကြေညက်စေပြီး အူလှုပ်ရှားမှုကို ကောင်းမွန်စေပါတယ်။

၂။ အစာစားတိုင်း အစာကို ကြေညက်အောင် ဝါးစားတဲ့နည်းက လေပွ၊ လေထတာကို လျော့ကျစေပါတယ်။

၃။ သစ်ကြံပိုးခေါက်ကို ဟင်းလျာထဲထည့်ချက်စားပါ။ ချင်း(ဂျင်း)၊ စမုံစပါး စတာတွေက လေတွေကို လျော့စေလို့ ဟင်းလျာတွေထဲ ထည့်စားသင့်ပါတယ်။

၄။ လေထစေတဲ့ အစာတွေဖြစ်တဲ့ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ပဲ စတာတွေကို ဆင်ခြင်ပါ။

၅။ ကောင်းစွာကျက်အောင် ချက်ပြုတ်ထားတဲ့ အစားအသောက်တွေကို စားပေးပါ။ အသားကင်စားတာ၊ ဟင်းသီးဟင်းရွက်အစိမ်းတွေကို တို့စရာအနေနဲ့ စားတာမျိုးကို လျှော့ပေးပါ။

Most Popular

Healthy Life Ad
To Top