Healthy Life Ad
Life Style

အလုပ်ထဲ ပျော်ရွှင်တက်ကြွနေစေဖို့ . . .

၊ ကိုထက် ၊

အလုပ်လုပ်တဲ့အခါစိတ်ဖိစီးမှုဆိုတာ ရှိစမြဲပါ။လုပ်ငန်းခွင်ကရလာတဲ့ စိတ်ဖိစီးမှုကို ကောင်း    ကောင်းထိန်းချုပ်နိုင်ပြီး ပျော်ရွှင်ကျေနပ်စေမယ့်ရိုးစင်းတဲ့ နည်းတွေကို ရေးသားလိုက်ရပါတယ်။

– လုပ်ရမည့် အရာကို မှတ်ထားပါ

တစ်နေ့တာမှာ လုပ်စရာ အလုပ်တွေ၊ အာရုံစိုက်စရာ ကိစ္စတွေက တကယ်များပါတယ်။ အဲဒီအချိန်မှာ လူအများစုဟာ ဟိုဟာ လုပ်ရမလို၊ ဒီဟာလုပ်ရမလိုနဲ့ တကယ်လုပ်သင့်တဲ့ အလုပ်က မပြီးမြောက်နိုင်တာမျိုး ဖြစ်တတ်ပါတယ်။ စိတ်ကို အေးအေးထားပြီး လုပ်သင့်လုပ်ထိုက်တာ တစ်ခုကို လုပ်ကြည့်ပါ။

– အလုပ်မလုပ်မီ အရင် စဉ်းစားပါ

ပရော့ဂျက်တစ်ခု၊ အစည်းအဝေးတစ်ခု၊ စကားစမြည်ပြောဆိုမှု တစ်ခုကို မစတင်ခင် သင့်ကိုယ်သင် အရင်မေးမြန်းပါ။ ဒီအလုပ် ဒါမှမဟုတ်ဆွေးနွေးမှုကနေ ငါ ဘာကို လိုချင်တာလဲ ဆိုတာကိုမေးပါ။ လူအများစုဟာ အလုပ်မှာလို ရင်းမရောက်ဘဲအချိန်ဖြုန်းနေတတ်ကြပါတယ်။ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို သိပြီဆိုရင် ရလဒ်ကောင်း ထွက်လာမှာဖြစ်ပါတယ်။

– စာထဲ ရေးမှတ်ထားပါ

အစည်းအဝေး၊ ဆွေးနွေးမှု စတာတွေကနေသင်ရရှိထားတဲ့ အချက်အလက်တွေကို ရေးမှတ်ထားပါ။ ဒါမှသာ အလုပ်မှာ လုပ်သင့် လုပ်ထိုက်တာကို သိနားလည်ပြီး တိတိကျကျ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

– စိတ်ဖိစီးမှု၏ ကောင်းကျိုးကို အသုံးချပါ

တစ်ခါတလေ အလုပ်အတွက် စိတ်ပူပင်မှုလေးတွေ ရှိတတ်ပါတယ်။ ဒီလို ပူပင်တတ်တဲ့ စိတ်ဟာအလုပ်ကို ပြီးမြောက်စေတဲ့ စေ့ဆော်အား တစ်ခုပါပဲ။ ဒါကြောင့် စိတ်ပူပင်မှုကို အလုပ်တွင်ကျယ်ဖို့အတွက် အသုံးချသင့်ပါတယ်။

– စိတ်ဓာတ်ကျနေလျှင် ရင်ဖွင့်လိုက်ပါ

အလုပ်ကိစ္စနဲ့ ပတ်သက်ပြီး စိတ်ဓာတ်ကျတာ၊စိတ်ခံစားမှု မကောင်းတာတို့ ဖြစ်ရင် လုပ်ဖော်ကိုင်ဖက်တစ်ဦးကို ရင်ဖွင့်ပြောဆိုပြီး လိုအပ်ရင် အကူအညီတောင်းပါ။ သူရဲ့ အားပေးနှစ်သိမ့်မှုကြောင့်လုပ်ငန်းခွင်မှာ ပြန်လည် ပျော်ရွှင်အားတက်လာပါလိမ့်မယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

 

Most Popular

Healthy Life Ad
To Top