Healthy Life Ad
Health Tips

နံနက်ခင်း ဗိုက်ထဲအစာမရှိချိန် ဘာကြောင့် သံပယိုသီးစိတ်ထည့်ထားတဲ့ ရေသောက်သင့်တာလဲ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ရေသန့်ထဲကိုသံပရိုသီးစိတ်လေးတွေ ထည့်ပြီး နံနက်ခင်း ဗိုက်ထဲ အစာမရှိချိန်မှာ သောက်ပေးသင့်တဲ့ အကြောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

– ကိုယ်ခံအားစနစ်ကို ကာကွယ်ပေးပါတယ်

သံပရိုသီးမှာ ဗီတာမင်စီ ပါဝင်မှုများတဲ့အတွက် ကိုယ်ခံစွမ်းအားစနစ်ကို ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။

– ကိုယ်တွင်း စံအဆင့်ကို ဟန်ချက်ညီစေပါတယ်

သံပရိုသီးစိတ်ထည့်ထားတဲ့ ရေသောက်တာကြောင့် ခန္ဓာကိုယ်ထဲက စံအဆင့်ကို ဟန်ချက်ညီ အောင်ထိန်းပေးပါတယ်။

– အူမကြီးအတွက် ကောင်းကျိုးရှိပါတယ်

သံပရိုသီးမှာ အစွမ်းထက် ဘက်တီးရီးယား ဆန့်ကျင်ပစ္စည်းအပြင် ပက်တင်အမျှင်ဓာတ်ပါဝင်တဲ့အတွက် အူမကြီးကို ကျန်းမာစေပါတယ်။

– အဆိပ်အတောက်တွေကို ကင်းစင်စေပါတယ်

မနက်ခင်း ဗိုက်ထဲအစာမရှိချိန် သံပရိုသီးစိတ်ထည့်ထားတဲ့ ရေသောက်တာကြောင့် အဆိပ်အတောက်တွေကို ကင်းစင်စေပါတယ်။

– အစာကြေညက်စေပါတယ်

ကျိုထားတဲ့ ရေထဲ သံပရိုသီးစိတ် ထည့်သောက်ပေးတာကြောင့် အစာကြေညက်စေပါတယ်။ သံပရိုသီးမှာ စစ်ထရစ် အက်ဆစ်ပါဝင်ပြီး တခြားအင်ဇိုင်းတွေနဲ့ ဓာတ်ပြုတာကြောင့် အစာခြေရည်တွေကို အလွယ်တကူ ထွက်ရှိစေပြီး အစာကြေညက်စေပါတယ်။

– အသည်းကျန်းမာစေပါတယ်

အသည်းဟာ တခြားအစာတွေစားတာထက် သံပရိုသီးစိတ် ထည့်ထားတဲ့ ရေသောက်ရာကနေ အင်ဇိုင်းတွေကို ပိုမိုထုတ်လုပ်ပေးပါတယ်။ ဒါ့အပြင် အသည်းကနေ အဆိပ်အတောက်တွေ ပိုပြီးစွန့်ထုတ်နိုင်အောင် လှုံ့ဆော်ပေးပါတယ်။

– အသက်ရှူလမ်းကြောင်းပိုးဝင်မှုကို တွန်းလှန်ပေးပါတယ်

သံပရိုရည်သောက်တာကြောင့် အသက်ရှူလမ်းကြောင်း ပိုးဝင်မှု၊ လည်ချောင်းနာတာနဲ့ အာသီးရောင်တာတို့ကို တွန်းလှန်ပေးပါတယ်။ သံပရိုသီးရဲ့ ရောင်ရမ်းမှု လျော့ကျစေတဲ့ အာနိသင်ကြောင့် ဖြစ်ပါတယ်။

– သတ္တုဓာတ် ပါဝင်မှုများပါတယ်

သံပရိုသီးမှာ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ စစ်ထရစ်အက်ဆစ်၊ ဖော့ဖရပ်စ် စတဲ့ အကျိုးပြုဓာတ်တွေများများ ပါဝင်နေပါတယ်။

– ကိုယ်အလေးချိန် လျော့ကျစေပါတယ်

သံပရိုသီးစိတ်ထည့်ထားတဲ့ ရေသောက်တာကြောင့် ကိုယ်အလေးချိန် လျော့ကျစေပါတယ်။ သံပရိုသီးမှာ ပက်တင်အမျှင်ဓာတ် ပါဝင်တဲ့အတွက် ဗိုက်ဆာလို့ဖြစ်တဲ့ စားချင်စိတ်ကို ချိုးနှိမ်ပေးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top