Healthy Life Ad
Health Tips

သံပရိုသီး၏ ကျန်းမာရေးစွမ်းပကား

———၊ ငွေကြယ်စင်ယံ ၊———

လေဖြတ်ဝေဒနာဖြစ်နှုန်း လျော့ကျစေပါတယ်

သံပရိုသီးက အမျိုးသမီးတွေမှာ နှလုံးသွေးကြောကျဉ်းလို့ဖြစ်တဲ့ လေဖြတ်ဝေဒနာအန္တရာယ် လျော့ကျစေပါတယ်။ လတ်တလောလေ့လာမှုအရ အချဉ်အရသာရှိတဲ့ သစ်သီးတွေကို အများဆုံးစားတဲ့ အမျိုးသမီးတွေက အနည်းဆုံးစားသူတွေထက် နှလုံးသွေးကြောကျဉ်းလို့ဖြစ်တဲ့ လေဖြတ်ဝေဒနာကို ၁၉ ရာခိုင်နှုန်း လျော့ကျစေတယ်လို့ သိရပါတယ်။

ကိုယ်အလေးချိန် လျော့ကျစေပါတယ်

တိရစ္ဆာန်တွေကို လတ်တလောလေ့လာမှုတစ်ခုအရ အဆီများတဲ့အစာနဲ့အတူ သံပရိုသီးကို ၁၂ ပတ်ခန့် ကျွေးထားတဲ့ ကြွက်တွေဟာ ကိုယ်အလေးချိန် တက်သင့်သလောက် မတက်ဘူးလို့ သိရပါတယ်။

သွေးတိုးကို ထိန်းပေးပါတယ်

သံပရိုသီးဖျော်ရည်က နှလုံးကျန်းမာရေးပြဿနာရှိသူတွေကို သက်သာစေတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ အကြောင်းကတော့ ပိုတက်ဆီယမ်ပါဝင်မှု များလို့ပါ။

စိုးရိမ်သောကကို ထိန်းပေးပါတယ်

သံပရိုသီးသုပ်စားတာက စိတ်တည်ငြိမ်စေတဲ့ အစွမ်းရှိပြီး နုံးချည့်ညောင်းညာတာ၊ မောပန်းတာ၊ မူးဝေတာ၊ စိုးရိမ်သောကများတာ၊ ဂနာမငြိမ်ဖြစ်တာနဲ့ ဖိအားများတာတို့ကို သက်သာစေတယ်လို့ လေ့လာမှုအရ သိရပါတယ်။

သွေးတွင်းကိုလက်စထရောကျစေပါတယ်

သံပရိုသီးမှာ အယ်လ်ဖာတိုကိုဖီရော၊ ဘီတာကယ်ရိုတင်း၊ လိုင်ကိုပင်း၊ ဂမ်မာတာပင်းတို့လို အင်တီအောက်ဆီးဒင့်တွေ ပါဝင်တာကြောင့် မကောင်းတဲ့ကိုလက်စထရောအဆီကို လျော့ကျစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

Most Popular

Healthy Life Ad
To Top