Healthy Life Ad
Health Tips

စိတ်ဖိစီးမှုများခြင်းအတွက် ရေကုထုံး

ရေတံခွန်ဆီသွားပါ

စိတ်ဖိစီးမှုများနေသလား၊ ရေတံခွန်ဆီကို သွားပါ။ ရေတံခွန်ရဲ့အခြေရှိ လေထဲမှာ လွင့်နေတဲ့ မော်လီကျူးအမှုန်တွေက စိတ်ဓာတ်ကျတာကို သက်သာစေပါတယ်။ ဝက်စ်လီရန်တက္ကသိုလ်ရဲ့ လေ့လာမှုအရ ၁၅-၃၀ မိနစ်လောက် ရေနဲ့ပက်ဖျန်းပေးတာက စိတ်ဓာတ်ကျတာကို သက်သာစေတယ်လို့ သိရပါတယ်။ ဒါဟာ ဦးနှောက်ထဲမှာ စိတ်ခံစားမှုကောင်းစေတဲ့ ဆီရိုတိုနင်ပမာဏကိုတိုးစေလို့ပါ။ ဒါကြောင့် ရေတံခွန်နားကိုရောက်တဲ့အခါ အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်လုပ်ပေးပါ။ ဒါမှမဟုတ် ရေပန်းနဲ့ ရေချိုးလိုက်ပါ။ ငါးမိနစ်လောက် ရေပန်းနဲ့ ရေချိုးပေးတာက ပူပင်သောကတွေကိုသိသိသာသာလျော့ ကျသွားစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ပင်လယ်ကမ်းခြေကို သွားပါ

ကမ်းခြေမှာနေတဲ့ရက်တွေမှာ သွေးဖိအားတွေ တည်ငြိမ်နေတယ်လို့ မထင်ဘူးလား။ ရေသံက စိတ်ကို အေးချမ်းတည်ငြိမ်စေပါတယ်။ပင်လယ်ရေသံဟာ ကြားရသူလူနာတွေကို သုံးညခန့်ကောင်းကောင်း အိပ်ပျော်စေတယ်လို့ အလာဘားမား ဆေးရုံသုတေသီတွေက ဆိုပါတယ်။ အကြောင်းကတော့ ပင်လယ်ရေလှိုင်းသံနဲ့ လှိုင်းပုတ်သံတွေဟာ စိတ်ကို အေးချမ်းစေတာကြောင့်ပါ။ ဦးနှောက်ဟာ လှိုင်းသံ၊ ရေသံတွေအပေါ် ကောင်းတဲ့ တုန့်ပြန်မှုပေးနိုင်လို့ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top