Healthy Life Ad
Q & A

ရေယုန် မကြာခဏပေါက်ခြင်း

Q. ဘာကြောင့် ရေယုန်ပေါက်ရပါသလဲ ဆရာ။

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း-တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း

A. Herpes Simplex ဗိုင်းရပ်စ်အမျိုးအစားကြောင့် ရေယုန်ပေါက်ရတာပါ။ ရေယုန်မှာ အမျိုးအစား (၁) ရေယုန်၊ အမျိုးအစား (၂) ရေယုန် စသဖြင့်ရှိသလို ဆင်ရေယုန်ဆိုပြီးလည်း ရှိပါတယ်။ ဆင်ရေယုန်ကျတော့ ပိုပြီးဖြစ်တဲ့ အနာပမာဏကြီးပြီး ပိုခံစားရတတ်ပါတယ်။ Herpes Simplex ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရေယုန်ကိုတော့ ရိုးရိုးရေယုန်လို့ပဲ ပြောလို့ရပါတယ်။

Q. ရိုးရိုးရေယုန်က ခန္ဓာကိုယ်ဘယ်အစိတ်အပိုင်းတွေမှာ ပေါက်တတ်ပါသလဲ ဆရာ။

A. ရိုးရိုးရေယုန်အမျိုးအစား (၁) က ပါးစပ်တဝိုက်နဲ့ နှုတ်ခမ်းတွေမှာ အများအားဖြင့် ပေါက်လေ့ရှိပါတယ်။ တစ်ခါတစ်ရံ အရေပြားမှာ ပေါက်တတ်ပါတယ်။

အမျိုးအစား(၂) ရေယုန်ကျတော့ လိင်အင်္ဂါမှာ ပေါက်တတ်ပါတယ်။

ပါးစပ်တဝိုက်နဲ့ နှုတ်ခမ်းတွေမှာပေါက်တဲ့ ရေယုန်တွေက အရမ်းနာကျင်ပါတယ်။ တချို့ဆို အနာရှိန်ကြောင့် ဖျားတဲ့အထိတောင်ဖြစ်တတ်ပါတယ်။ ဒီလိုရေယုန်ပေါက်သူက တခြားတစ်ယောက်ကို ပွေ့ဖက်နမ်းရှုံ့တာပဲဖြစ်ဖြစ်၊ အရေပြားချင်းထိတွေ့ရင် ကူးတတ်ပါတယ်။

အမျိုးအစား (၂) ဖြစ်တဲ့ လိင်အင်္ဂါမှာပေါက်တဲ့ရေယုန်က လိင်ဆက်ဆံမှုကတစ်ဆင့် ကူးစက်တတ်

“ရေယုန်မပေါက်ဖူးတဲ့သူဆိုတာ မရှိသလောက်ပါပဲ။ ရေယုန်ပေါက်တာက ကိုယ်ခံအားစနစ်ကျဆင်းတာနဲ့ ဆက်စပ်တတ်ပါတယ်။ အိပ်မပျော်ဘူး၊ စိတ်ဖိစီးမှုများတယ် . . ဒါတွေနဲ့လည်း ဆက်နွှယ်မှုရှိပါတယ်။ စိတ်ဖိစီးမှုများတဲ့သူဆိုရင် ပါးစပ်ထဲမှာ အနာပေါက်သလို နှုတ်ခမ်းတဝိုက်မှာလည်း ရေယုန်လည်းပေါက်တတ်ပါတယ်။ တချို့ကျတော့လည်း” . . .

ပါတယ်။

Q. ရေယုန်က အဖြစ်များပါသလား ဆရာ။

A. ရေယုန်အမျိုးအစား (၁) က အဖြစ်များပါတယ်။ ရေယုန်မပေါက်ဖူးတဲ့သူဆိုတာ မရှိသလောက်ပါပဲ။ ရေယုန်ပေါက်တာက ကိုယ်ခံအားစနစ်ကျဆင်းတာနဲ့ ဆက်စပ်တတ်ပါတယ်။ အိပ်မပျော်ဘူး၊ စိတ်ဖိစီးမှုများတယ် . . ဒါတွေနဲ့လည်း ဆက်နွှယ်မှုရှိပါတယ်။ စိတ်ဖိစီးမှုများတဲ့သူဆိုရင် ပါးစပ်ထဲမှာ အနာပေါက်သလို နှုတ်ခမ်းတဝိုက်မှာလည်း ရေယုန်ပေါက်တတ်ပါတယ်။ တချို့ကျတော့လည်း ပင်ကိုအခြေအနေအရ ဆီးချိုသွေးချိုရောဂါ၊ HIV စသဖြင့် ရှိတဲ့သူတွေမှာလည်း ရေယုန်နဲ့ တွဲဖြစ်တတ်ပါတယ်။

Q. နှုတ်ခမ်းမှာဖြစ်ဖြစ် ရေယုန်ခဏခဏပေါက်ပြီဆိုတာနဲ့ လူတွေက HIV ရှိသလားဆိုပြီး တမျိုးထင်တတ်ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီးလည်း ပြောပြပေးပါဦး ဆရာ။

A. ကိုယ်ခံအားကျရင် Herpes Simplex ဗိုင်းရပ်စ်ကဝင်ပြီး ရိုးရိုးရေယုန်ပေါက်တတ်ပါတယ်။ ဗိုင်းရပ်စ်ရဲ့သဘောက ၇-၁၀ ရက်လောက်မှာ သူ့အလိုလို ပြန်တိုက်ထုတ်နိုင်ရင် ကောင်းသွားတတ်ပါတယ်။ တချို့ကျတော့လည်း မခံနိုင်အောင်နာတယ်၊ ကိုက်တယ်၊ ဖျားတယ်။ ဒီအချိန်မှာ တခြားဘက်တီးရီးယား ပိုးတစ်မျိုးဝင်လာရင် ပိုပြီးခံရတယ်။

Q. ရေယုန်ကို ဘယ်လိုကုသမှု ခံယူနိုင်ပါသလဲဆရာ။

A. ရေယုန်ပျောက်ဖို့အတွက် သောက်ဆေး၊ လိမ်းဆေး စသဖြင့်ရှိပါတယ်။ သောက်ဆေးကတော့ ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သင့်ပါတယ်။ လိမ်းဆေးကတော့ ရေယုန်ပေါက်တဲ့ အရေပြားနေရာမှာ လိမ်းပေးရပါမယ်။ လိမ်းပြီးရင် လက်ကိုပြန်ဆေးရပါမယ်။ ကိုယ့်မှာရေယုန်ရှိရင် တခြားသူကို မကူးစက်အောင် ကိုယ်ကိုယ်တိုင်ကလည်း ကာကွယ်ဖို့လိုတယ်။ ပြီးတော့ လက်ကိုခဏခဏဆေးတာ၊ တစ်ကိုယ်ရေသန့်ရှင်းရေးကို အလေးထားလုပ်ဆောင်တာတွေ လုပ်ပေးဖို့လိုပါတယ်။ ရေယုန် ခဏခဏပေါက်တတ်သူတွေကတော့ ဆရာဝန်နဲ့ သေချာပြပြီး ကုသမှု ခံယူသင့်ပါတယ်။

Q. ရေယုန်ပေါက်သူနဲ့ တအိမ်ထဲအတူနေရသူတွေမှာ ရေယုန်မကူးအောင် ဘယ်လိုဂရုစိုက် နေထိုင်သင့်ပါသလဲ ဆရာ။

A. ရေယုန်ပေါက်သူကိုင်ထားတဲ့ ပစ္စည်းတွေကို မျှဝေမသုံးစွဲရင် ပိုကောင်းပါတယ်။ ရေယုန်မကူးအောင် အိပ်ရေးဝ၀ အိပ်စက်အနားယူရပါမယ်၊ အာဟာရပြည့်ဝအောင် စားသောက်ရပါမယ်။ စိတ်ဖိစီးမှုကို တတ်နိုင်သမျှ ထိန်းချုပ်ပြီး စိတ်အေးလက်အေး နေထိုင်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top