Healthy Life Ad
Health Tips

ပုံမှန် လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်းအသီးသီး ရရှိမည့် ကောင်းကျိုးများ

၊ ကိုထက် ၊

လေ့ကျင့်ခန်းလုပ်တဲ့အတွက် ခန္ဓာကိုယ်ကို အောက်ပါအတိုင်း ကောင်းကျိုးပြုပါတယ်။

– အဆုတ်ကြွက်သား

အသက်ရှူသွင်း၊ ရှူထုတ်လုပ်ရာမှာ ပါဝင်တဲ့ကြွက်သားတွေကို သန်စွမ်းစေပြီး အဆုတ်ထဲကနေ လေအဝင်အထွက် ကောင်းစေပါတယ်။

– နှလုံးကြွက်သား

လေ့ကျင့်ခန်းလုပ်တဲ့အခါ နှလုံးခုန်နှုန်း ကောင်းမွန်စေပြီး နှလုံးကြွက်သားတွေကို သန်စွမ်းစေပါတယ်။

– တစ်ကိုယ်လုံးကြွက်သား

လေ့ကျင့်ခန်းလုပ်တာကြောင့် ခန္ဓာကိုယ်တစ်လျှောက်မှာ ရှိတဲ့ကြွက်သားတွေကို သန်စွမ်းစေပါတယ်။

– သွေးနီဥ

လေ့ကျင့်ခန်းလုပ်တာကြောင့် ခန္ဓာကိုယ်ထဲက သွေးနီဥ စုစုပေါင်းပမာဏကို တိုးစေပြီး အောက်ဆီဂျင်သယ်ယူပို့ဆောင်မှုကို အားပေးပါတယ်။

– ဦးနှောက်နှင့် စိတ်ခံစားမှု

လေ့ကျင့်ခန်းလုပ်တာကြောင့် စိတ်ဖိစီးမှုကို လျော့ကျစေပြီး စိတ်ဓာတ်ကျတာကို သက်သာစေပါတယ်။

– ဆီးချိုသွေးချိုရောဂါ

လေ့ကျင့်ခန်းလုပ်တာကြောင့် ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

– အဆီ

လေ့ကျင့်ခန်းလုပ်တာကြောင့် ခန္ဓာကိုယ်အဆီတွေကို လောင်ကျွမ်းစေပြီး ကြွက်သားတွေကို သန်စွမ်းစေပါတယ်။

– သွေးတိုးရောဂါ

လေ့ကျင့်ခန်းလုပ်တာကြောင့် သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး သွေးဖိအားကို လျော့ကျစေပါတယ်။

(Ref; HD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top