Healthy Life Ad
Health Tips

လေ့ကျင့်ခန်းနှင့် အိပ်စက်မှု

၊ ငွေကြယ်စင်ယံ ၊

လေ့ကျင့်ခန်းပုံမှန်လုပ်ဆောင်တာကြောင့် ညဘက်မှာ အိပ်ရေးဝ၀ အိပ်မောကျစေပါတယ်။ တစ်နေ့တာမှာ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ဆောင်လေ့ရှိသူတွေဟာ အိပ်စက်မှုဆိုင်ရာ ပြဿနာအဖြစ်နည်းပြီး ကျန်းမာရေး ထိခိုက်နိုင်ခြေ ပိုများပါတယ်။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းမှာ ပြေးတာ၊ ရေကူးတာ၊ စက်ဘီးစီးတာနဲ့ အဖွဲ့လိုက်လုပ်ဆောင်ရတဲ့ အားကစားတွေပါဝင်ပြီး အသင့်အတင့် လေ့ကျင့်ခန်းဆိုရာမှာ ယောဂကျင့်တာ၊ ထိုက်ချိကစားတာနဲ့ အလေးမတာတွေပါဝင်ပါတယ်။ ပေါ့ပါးတဲ့ လေ့ကျင့်ခန်းကတော့ လမ်းလျှောက်တာပဲ ဖြစ်ပါတယ်။

– လေ့လာမှုအရ ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်ဆောင်သူ ၈၃ ရာခိုင်နှုန်းဟာ ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေနိုင်ပြီး အသင့်အတင့် လေ့ကျင့်ခန်းပြုလုပ်သူ ၇၇ ရာခိုင်နှုန်း၊ ပေါ့ပါးတဲ့ လေ့ကျင့်ခန်းပြုလုပ်သူ ၇၆ ရာခိုင်နှုန်းနဲ့ လေ့ကျင့်ခန်း လုံးဝမလုပ်သူ ၅၆ ရာခိုင်နှုန်းကသာ ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျတတ်တယ်လို့ သိရပါတယ်။

– ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်သူ ၆၉ ရာခိုင်နှုန်းဟာ ပျမ်းမျှအားဖြင့် အိပ်ရာပေါ်လှဲပြီး ၁၆ ဒသမ ၆ မိနစ်အတွင်း အိပ်မောကျသွားတတ်တယ်လို့ သိရပါတယ်။ လေ့ကျင့်ခန်းမလုပ်သူ တစ်ဝက်ခန့်ကတော့ အိပ်ပျော်ဖို့ ၂၆ မိနစ်ဝန်းကျင် အချိန်ယူရတတ်ပါတယ်။

– ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်သူ ၄၆ ရာခိုင်နှုန်းဟာ လေ့ကျင့်ခန်းမလုပ်သူ ၂၇ ရာခိုင်နှုန်းနဲ့ယှဉ်ရင် လန်းလန်းဆန်းဆန်း နိုးထမှုရှိတယ်လို့ သိရပါတယ်။

– လေ့ကျင့်ခန်းမလုပ်သူတွေက ကားမောင်းတာ၊ အစာစားတာ၊ အပေါင်းအသင်းတွေနဲ့ တွေ့ဆုံတာ စတဲ့ အခိုက်အတန့်တွေမှာ အိပ်ငိုက်နေတတ်တယ်လို့ သိရပါတယ်။

– လေ့ကျင့်ခန်းမလုပ်သူတွေက အိပ်ရင်းခေတ္တအသက်ရှူရပ်ပြီး ဟောက်တဲ့ဝေဒနာကို ခံစားရနိုင်ခြေ သိသိသာသာမြင့်မားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top