Healthy Life Ad
Health Tips

ရှလကာရည်နှင့် ပျားရည် သောက်ခြင်း၏ကျန်းမာရေး ကောင်းကျိုး

မီမိုး ( ဆေးဝါးတက္ကသိုလ် )
ရှလကာရည်ကို လက်ဖက်ရည် ဇွန်းတစ်ဇွန်းနဲ့ ပျားရည်အနည်းငယ်က ိုရောသောက်ပေးတာကြောင့် သင့်ခန္ဓာကိုယ်ထဲမှာ အောက်ပါ ကောင်းကျိုးတွေဖြစ်ပေါ်လာပါတယ်။

ကိုယ်အလေးချိန် လျော့ကျဖို့ အားပေးပါတယ်။

ကိုယ်တွင်းရောင်ရမ်းမှုကို လျော့ကျစေပါတယ်။

အစာခြေလမ်းကြောင်းစနစ်ကို ကျန်းမာစေပြီး ဝမ်းချုပ်တာကို သက်သာစေပါတယ်။

အဆစ်နာကျင်မှု သက်သာပြီး ရိုးဆစ်ရောင်ရမ်း ကိုက်ခဲနာကျင်မှု ဝေဒနာကို လျော့ပါးစေပါတယ်။

အစာခြေလမ်းကြောင်းစနစ်ကနေ အက်ဆစ်တွေ အထက်ဆန်တက်တာကို သက်သာစေပြီး ရင်ပူဝေဒနာကို လျော့ပါးစေပါတယ်။

အသားအရေကို အားဖြည့်ပေးပြီး နုပျိုလှပစေပါတယ်။

ခံတွင်းအနံ့ဆိုးကိုလျော့ကျစေပါတယ်။

လည်ချောင်းနာ သက်သာစေပါတယ်။

ခန္ဓာကိုယ်ကို စွမ်းအင်ဖြည့်ပေးပါတယ်။

သွေးတွင်းကို လက်စထရောများတာကို လျော့ကျစေပြီး သွေးတိုးတာကို သက်သာစေပါတယ်။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top