Healthy Life Ad
Q & A

ဆီးချိုရှိသူ ပျားရည်သောက်လို့ရပါသလား၊ ပျားရည်ကို နေ့စဉ်သောက်ရင် ဆီးချိုဖြစ်နိုင်ပါသလား

—–၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—-

ပျားရည်ဆိုတဲ့နေရာမှာ ပျားရည်ကစစ်လား၊ မစစ်ဘူးလားဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ တကယ့်ပျားရည်အစစ်သာဆိုရင် Glycemic Index ကနည်းတယ်။ ပျားရည်ကလည်းစစ်မယ်၊ ပျားရည်သောက်တဲ့ ပမာဏကလည်း မများဘူးဆိုရင် ဆီးချိုသမားလည်း သောက်လို့ရပါတယ်။ ဥပမာပြောရရင် တစ်ရက်ကို ထမင်းစားဇွန်းနဲ့ တစ်ဇွန်းအထိတောင် သောက်လို့ရပါတယ်။ ထမင်းတော့ လျှော့စားပေးရမှာပေါ့။ ဒါက ဆီးချိုသမားတွေအတွက် ပြောတာပါ။

ပျားရည်က အစစ်မဟုတ်ဘဲနဲ့ အခုနောက်ပိုင်းမှာ သကြားဖျော်ရည်တွေထည့်ထားတာကို တွေ့လာရပါတယ်။ ပျားရည်အစစ်ရတယ်ဆိုတာ အရမ်းရှားသွားပြီ။ ပျားရည်အစစ်ရတယ်ဆိုရင်တော့ ဆီးချိုသမားလည်း သောက်လို့ရတယ်။ အဲဒီလိုမဟုတ်ဘဲ သကြားဖျော်ရည်ကို ပျားရည်ဆိုပြီး ရောင်းတာကို သောက်ရင်တော့ ဆီးချိုတက်နိုင်ပါတယ်၊ ပျားရည်ကြောင့် တက်တာမဟုတ်ဘူး၊ ပျားရည်မစစ်လို့ ထည့်ထားတဲ့သကြားတွေကြောင့် ဆီးချိုတက်တာပါ။ ကိုယ်ဝယ်မယ့်ပစ္စည်းက စစ်လား၊ မစစ်လားပေါ် မူတည်ပြီး ပြောရမှာဖြစ်ပါတယ်။ ဆီးချိုမရှိသေးသူတွေအနေနဲ့ ပျားရည်စစ်စစ်ကို နေ့စဉ်သောက်လို့ရပါတယ်။

Most Popular

Healthy Life Ad
To Top