Healthy Life Ad
Life Style

ရှလကာရည်သုံးပြီး ဗောက်ကင်းစင်စေရန် ဖယ်ရှားနည်း

———၊ လရိပ်မေ ၊———

ဗောက်ထတာက ဦးရေပြားကို အလွန်အမင်း ယားယံစေပါတယ်။ ဗောက်ပျောက်စေဖို့ ဘယ်လိုရှမ်ပူကိုသုံးသုံး မသက်သာဘဲ ဖြစ်နေသူတို့အတွက် ရှလကာရည်သုံးပြီး ဗောက်ဖယ်ရှားနည်းကို ရေးသားလိုက်ရပါတယ်။

(၁) အရင်ဆုံး ရှလကာရည်ကို သင့်ဆံပင်သားအနှံ့ လိမ်းပေးပါ။ မျက်စိတွေထဲ မဝင်စေဖို့ မျက်စိကို ပိတ်ထားပါ။ ဆံပင်သားအနှံ့ လိမ်းပြီးတဲ့အခါ ဦးရေပြားကို ရှလကာရည်စိုစွတ်အောင်လောင်းပြီး နှိပ်နယ်ပေးပါ။

(၂) မိနစ်အနည်းငယ်ကြာ ရှလကာရည်ခြောက်အောင် ထားပါ။ အနံ့အသက် အနည်းငယ်စွဲကျန်နိုင်ပေမယ့် ရေဆေးချလိုက်တဲ့အခါ အနံ့အသက် လျော့ပါးသွားပါလိမ့်မယ်။

(၃) ရှလကာရည်လိမ်းပြီး မိနစ်အနည်းငယ်ကြာတဲ့အခါ ဆံပင်ကို ခါတိုင်းခေါင်းလျှော်သလို လျှော်လိုက်ပါ။ ရှမ်ပူနဲ့ ကွန်ဒီရှင်နာကို အလွန်အမင်း မသုံးပါနဲ့။ လက်ဖက်ဆီအခြေခံတဲ့ ဆံပင်သုံးပစ္စည်းတွေကိုသုံးပြီး သန့်စင်ရင် ဗောက်ကင်းစင်စေပါတယ်။

(၄) ဗောက်ပျောက်တဲ့အထိ ရှလကာရည်နဲ့ ခေါင်းလျှော်ပေးပါ။ ရက်အနည်းငယ်အတွင်း ဗောက်ကင်းစင်သွားပါလိမ့်မယ်။

Tips!

♦ ရှလကာရည်ထဲကို လက်ဖက်ဆီသုံးစက်ခန့်ထည့်ပြီး အသုံးပြုရင် သဘာဝပိုးသတ်အာနိသင် ရှိစေပါတယ်။

♦ ဆီလီနီယမ်၊ ဗီတာမင်ဘီအုပ်စု၊ ဗီတာမင်အီးနဲ့ ဇင့်(သွပ်)ဖြည့်စွက်ဆေးတို့ကို မှီဝဲတာကြောင့် ဗောက်သက်သာစေပါတယ်။

♦ ဆီကြော်စာ၊ နို့နဲ့ နို့ထွက်ပစ္စည်း၊ သကြား၊ ချောကလက်နဲ့ အခွံမာသီးတွေကို တတ်နိုင်သမျှ လျှော့စားပါ။

Most Popular

Healthy Life Ad
To Top