Healthy Life Ad
Health Tips

အဆီများသော အစာစားသည့်အခါ သွေးကြောများကို ကာကွယ်နိုင်မည့် နည်းလမ်းငါးသွယ်

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အဆီများတဲ့ အစာတွေက သွေးကြောတွေကို ကျဉ်းစေပြီး သွေးစီးဆင်းမှုကို လျော့ကျစေပါတယ်။ ဒါကြောင့် အဆီများတဲ့ အစာကိုစားပြီးတဲ့အခါ သင့်သွေးကြောတွေ ထိခိုက်မှုနည်းအောင် ကူညီနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

– အသားကို နှပ်ပြီးမှ ကင်ပါ

အပူရှိန်မြင့်မြင့်ပေးပြီး အသားကင်တဲ့အခါ AGEs(Advanced Glycation End Products) လို့ခေါ်တဲ့ ဒြပ်ပေါင်းတွေ ထွက်လာပြီး သွေးကြော ရောင်ရမ်းမှုအဖြစ်များကာ ဆီးချိုရောဂါအန္တရာယ် မြင့်တက်လာပါလိမ့်မယ်။ AGEs ထိတွေ့မှု လျော့ကျစေဖို့အသားကို သံပရာရည် ဒါမှမဟုတ် ရှလကာရည်နဲ့ နှပ်ထားပါ။ ပြီးမှ အပူချိန်နည်းနည်းနဲ့ မီးကင်ပေးပါ။ တူးနေတဲ့ အပိုင်းတွေကို ဖယ်ရှားလိုက်ပါ။

– စပျစ်သီးဖျော်ရည် အနည်းငယ် သောက်ပါ

အဆီများတဲ့ အစာစားတဲ့နေ့တွေမှာ စပျစ်သီးဖျော်ရည် တစ်ဖန်ခွက် (ရှစ်အောင်စ) သောက်ပေးပါ။ အဲဒီအခါ သွေးကြောတွေပေါ် မကောင်းတဲ့ သက်ရောက်မှုကို လျော့ကျသွားစေပါတယ်။

– ကောက်နှံတစ်ခုလုံးအစာကို စားပါ

ယေးလ်တက္ကသိုလ်ရဲ့ လေ့လာမှုအရ အဆီများတဲ့အစာကို ကောက်နှံတစ်ခုလုံး အစာ (ဆန်လုံးညို၊ ခေါက်ဆွဲညို) စတာတွေနဲ့ တွဲစားရင် သွေးကြောတွေကို အလွန်အမင်း ကျဉ်းမသွားစေဘူးလို့ သိရပါတယ်။ အဲဒီကောက်နှံတစ်ခုလုံးအစာတွေက ခန္ဓာကိုယ်ထဲ အဆီစုပ်ယူမှုကို လျော့ကျသွားစေပါတယ်။

– ထောပတ်သီးပါးပါးလှီးကာ ထည့်စားပါ

လူတွေ ဟမ်ဘာဂါစားပြီးတဲ့အခါ နှစ်နာရီအတွင်း သွေးကြောထဲ အန္တရာယ်ရှိတဲ့ ဓာတ်တုန့်ပြန်မှုတွေ ဖြစ်လာပါတယ်လို့ UCLA လေ့လာသူတွေက ဆိုပါတယ်။ ဟမ်ဘာဂါထဲ ထောပတ်သီးစိတ် ထည့်စားတဲ့အခါ အသားရဲ့ ရောင်ရမ်းမှုဖြစ်စေတဲ့ အာနိသင်ကို လျော့ကျစေပါတယ်။

– လမ်းမြန်မြန်လျှောက်ပါ

အဆီများတဲ့ အစာစားပြီးတဲ့အခါ မိနစ် ၃၀ လောက် ခပ်သွက်သွက် လမ်းလျှောက်လိုက်ရင် သွေးထဲ အဆီပမာဏမြင့်တက်မှုကို ၁၀-၂၅ ရာခိုင် နှုန်းလောက် လျော့ကျသွားစေနိုင်ပါတယ်။

(Ref; RD)

Most Popular

Healthy Life Ad
To Top