Healthy Life Ad
Health Tips

ပျားရည်နှင့် ရှလကာရည်အစွမ်း

၊ ငွေကြယ်စင်ယံ ၊

သင့်အိမ်မှာ ပျားရည်နဲ့ ရှလကာရည်ရှိရုံနဲ့ သင့်ကျန်းမာရေးကို ကောင်းမွန်စေနိုင်ပါတယ်။

အဆစ်ရောင်နာကို သက်သာစေပါတယ်
ရေရှစ်အောင်စဝင် ကြက်သီးနွေးရေတစ်ခွက်ထဲမှာ ပျားရည်နဲ့ ရှလကာရည် ထမင်းစားဇွန်းနှစ်ဇွန်းစီ ထည့်မွှေပါ။ အဆစ်ရောင်နာသက်သာစေဖို့ တစ်နေ့လုံးနည်းနည်းချင်းစီ သောက်ပေးပါ။

နှာခေါင်းပိတ်တာနဲ့ လည်ချောင်းနာတာကို သက်သာစေပါတယ်
ပျားရည် ထမင်းစားဇွန်းတစ်ဇွန်းနဲ့ ရှလကာရည် ထမင်းစားဇွန်းတစ်ဇွန်းတို့ကိုရောမွှေပြီး ငရုတ်ကောင်းမှုန့် အနည်း ငယ်ဖြူးလိုက်ပါ။ အဲဒီအရောအနှောကို ချက်ချင်းသောက်ပါ။ နှာခေါင်းပိတ်တာ နဲ့ လည်ချောင်းနာတာ သက်သာတဲ့ အထိ အချိန်နှစ်နာရီကြာတိုင်း ထပ်ခါထပ်ခါလုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။

သွေးတိုးကျစေပါတယ်
ရေသန့်ရှစ်အောင်စဝင် တစ်ဖန်ခွက်ထဲ ရှလကာရည် ထမင်းစားဇွန်း တစ်ဇွန်း၊ ပျားရည် ထမင်းစားဇွန်း တစ်ဇွန်းထည့်မွှေကာ အစာမစားခင် မနက် တစ်ကြိမ်၊ ညနေခင်းတစ်ကြိမ်သောက်ပေးပါ။

ခြေသလုံး ကြွက်တက်တာကို သက်သာစေပါတယ်
ရှလကာရည် ထမင်းစားဇွန်းနှစ်ဇွန်းနဲ့ ပျားရည် ထမင်းစားဇွန်းတစ်ဇွန်း တို့ကိုရောမွှေပြီး အိပ်ရာမဝင်ခင် ညနေ တိုင်းသောက်ပေးရင် ခြေသလုံးကြွက်တက်တဲ့ ဝေဒနာကို သက်သာစေပါ တယ်။ ဒီအတိုင်း မသောက်ချင်ရင် ကြက်သီးနွေးရေအနည်းငယ်ထဲ ထည့်ဖျော်ပေးပါ။

အအေးမိဝေဒနာနဲ့ ပိုးဝင်တာကို သက်သာစေပါတယ်
ကြက်သီးနွေးရေ ထမင်းစားဇွန်း နှစ်ဇွန်းထဲ ရှလကာရည် ထမင်းစားဇွန်း တစ်ဇွန်း၊ ပျားရည်ထမင်းစား ဇွန်းတစ် ဇွန်းထည့်ဖျော်ပြီး ငရုတ်ကောင်းမှုန့် အနည်းငယ်၊ ချင်း(ဂျင်း) အနည်းငယ် ထည့်မွှေပေးပါ။ အချိန်နှစ်နာရီ-သုံးနာ ရီကြာတိုင်းတစ်ဇွန်းစာလောက်သောက် ပေးရပါမယ်။

အိပ်မပျော်တဲ့ ဝေဒနာကို သက်သာစေပါတယ်
ပျားရည်တစ်ခွက်ထဲ ရှလကာရည် ထမင်းစား ဇွန်းတစ်ဇွန်း ထည့်မွှေပြီး အိပ်ရာမဝင်ခင် ထမင်းစားဇွန်းနှစ်ဇွန်း ခန့် သောက်ပေးမယ်ဆိုရင် ည ည နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေပါတယ်။

ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်း စေပါတယ်
ရှလကာရည်တစ်ခွက်၊ ပျားရည် တစ်ခွက်နဲ့ ကြက် သွန်ဖြူ ရှစ်မြွှာတို့ကို မွှေစက်ထဲ စက္ကန့် ၆၀ ကြာ ထည့်မွှေပါ။ ပြီးရင် ဖန်ခွက်ထဲ ထည့်ပိတ်ပြီး ရေခဲ သေတ္တာထဲ ငါးရက်ကျော်ကြာထည့်အ အေးခံရပါမယ်။ မနက်စာ မစားခင် နံနက်တိုင်း ထမင်းစားဇွန်း နှစ်ဇွန်းခန့် သောက်သင့်ပါတယ်၊
(Ref;HD)

Most Popular

Healthy Life Ad
To Top