Healthy Life Ad
Health Tips

အစာကြေစေမည့် ချင်းသံပရိုသီးလက်ဖက်ရည်ကြမ်း

၊ လရိပ်မေ ၊

ပရိုတင်းနဲ့ အဆီများများပါတဲ့အစာ စားပြီးချိန်မှာ လေပွတာနဲ့ အစာမကြေတာတို့လိုဝေဒနာတွေ ဖြစ်တတ်ပါတယ်။ အဲဒီဝေဒနာတွေ သက်သာစေဖို့ ချင်းသံပရိုသီး လက်ဖက်ရည်ကြမ်းကို သောက်သုံးပေးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

– သံပရိုသီးတစ်ခြမ်း၊

– ရေ တစ်လီတာ၊

– ချင်း (ဂျင်း) အခွံနွှာထားတဲ့ တစ်စိတ်။

ပြုလုပ်နည်း

(၁) ရေတစ်လီတာထဲ သံပရိုသီးတစ်ခြမ်းကို ထည့်ပြုတ်ပါ။

(၂) မိနစ်အနည်းငယ်ကြာတဲ့အခါ မီးဖိုပေါ်က ချပြီး အခွံနွှာထားတဲ့ ချင်း(ဂျင်း) ထည့်ပေးပါ။

(၃) အဲဒီနောက် လက်ဖက်ခြောက် အနည်းငယ်ခတ်ပြီး မိနစ် အနည်းငယ် စိမ်ထားပါ။

နောက်ဆုံးမှာ ပျားရည်အနည်းငယ်ထည့်ပြီး သောက်နိုင်ပါတယ်။

(Def:HD)

Most Popular

Healthy Life Ad
To Top