Healthy Life Ad
Q & A

သံဓာတ်စုပ်ယူမှု ဟန့်တားပေးသည့် အစားအသောက်များ

—–၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး) ၊—–

Q. သွေးအားနည်းတဲ့အခါ သံဓာတ်စုပ်ယူမှု ဟန့် တားပေးတဲ့ အစားအသောက်တွေကို သတိထားသင့်တယ်လို့ရေးတာ ဖတ်ဖူးပါတယ်။ ဘယ်လိုအစားအသောက်တွေက သံဓာတ်စုပ်ယူမှုကို ဟန့်တားနိုင်ပါသလဲရှင့်။

A. ဟုတ်ပါတယ်။ ခန္ဓာကိုယ်ကနေ သံဓာတ်စုပ်ယူမှုကို ဟန့်တားပေးတဲ့ အစားအသောက်တွေကို ရှောင်ရပါမယ်။ အဲဒီမှာ မြန်မာလူမျိုးတွေ အရမ်းကြိုက်တဲ့ ရေနွေးကြမ်း၊ လက်ဖက်တွေက သံဓာတ်စုပ်ယူမှုကို ဟန့်တားနေပါတယ်။ ဒါကြောင့် ထမင်းစားတဲ့အခါ ရေနွေးကြမ်း သောက်တာမျိုး မလုပ်သင့်ပါဘူး၊ ရေနွေးကြမ်းသောက်နေကျဖြစ်လို့ မနေနိုင်ဘူးဆိုရင် လက်ဖက်ခြောက်ကို နည်းနည်းလေးပဲ ခတ်ထားတဲ့ ရေနွေးကြမ်းကိုသာ သောက်သင့်ပါတယ်။

လက်ဖက်သုပ်ကိုလည်း ထမင်းစားတုန်းမှာ မစားသင့်ပါဘူး။ လက်ဖက်သုပ်စားမယ်ဆိုရင် ထမင်း စားချိန်နဲ့ အနည်းဆုံးနာရီဝက်ခြားပြီးမှ စားသင့်ပါတယ်။ လက်ဖက်သုပ်စားမယ်ဆိုရင် အကောင်းဆုံးအချိန်က သရေစာစားတဲ့ ညနေသုံးနာရီ-လေးနာရီလောက်ပဲ ဖြစ်ပါတယ်။

အခုကျတော့ မြန်မာလူမျိုးတွေရဲ့ အကျင့်က ထမင်းစားပြီးတာနဲ့ ကော်ဖီလေးတစ်ခွက်သောက်ရမှ၊ လက်ဖက်ရည်လေးတစ်ခွက်သောက်ရမှ . . အဲဒီလိုဖြစ်နေပါတယ်။ ဒီအကျင့်တွေက သံဓာတ်စုပ်ယူမှုကို ဟန့်တားတဲ့ အကျင့်ဖြစ်နေတဲ့အတွက် အတတ်နိုင်ဆုံး ဆင်ခြင်သင့်ပါတယ်။

အခုနောက်ပိုင်းမှာတော့ သံဓာတ်ပါတဲ့ဆေးတွေတော့ ရှိနေပါပြီ။ အဲဒီဆေးတွေကို မှီဝဲပေးရင်လည်း အထောက်အကူဖြစ်ပါတယ်။ သံဓာတ်နည်းလွန်းတဲ့သူတွေကို မေးကြည့်လိုက်ရင် အသားကလည်း တစ်နေ့မှတစ်တုံးလောက်ပဲ စားတာမျိုး၊ အရွက်ကိုလည်း တစ်ဇွန်းလောက်ပဲ စားတာမျိုး တွေ့ရပါတယ်။ အဲဒါက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားနည်းမဟုတ်တဲ့အတွက် ပြင်စေချင်ပါတယ်။

Most Popular

Healthy Life Ad
To Top