Healthy Life Ad
Health Tips

ခွေးကိုက်ခံရခြင်းအတွက် ရှေးဦးသူနာပြုစုနည်း

၊ စူး (ဆေးဝါးတက္ကသိုလ်) ၊
ခွေးဆိုတာ လူတွေအတွက် အကောင်းဆုံးမိတ်ဆွေဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ ကံမကောင်းအကြောင်းမလှရင် ခွေးကိုက်ခံရတတ်ပါတယ်။ ခွေးကိုက်ခံရတဲ့အခါ ပိုးဝင်တာ၊ အနာရင်းတာ၊ ပြည်တည် စတာတွေ ဖြစ်တတ်တဲ့အတွက် ဆေးရုံ၊ ဆေးခန်းမရောက်ခင် ရှေးဦးသူနာပြုစုဖို့ အရေးကြီးပါတယ်။

– ခွေးကိုက်ရာ နေရာကို ဆပ်ပြာနှင့် ရေသုံးပြီး ချက်ချင်းဆေးကြောပါ
ခွေးတံတွေးနဲ့ ထိတွေ့တဲ့နေရာတွေကို ငါးမိနစ်အတွင်းဆပ်ပြာနဲ့ ရေသုံးပြီး ဆေးကြောလိုက်ပါ။ သွေးတိတ်သွားစေဖို့ ရေအေးနဲ့ဆေးတာ အကောင်းဆုံးဖြစ်ပါတယ်။

– ပဋိဇီဝပိုးသတ်ဆေး လိမ်းဆေးလိမ်းပါ
ခွေးကိုက်တဲ့ဒဏ်ရာပေါ်ကို ပဋိဇီဝပိုးသတ်ဆေး လိမ်းဆေးလိမ်းပေးရင်း ကူးစက်ပိုးကင်းစင်စေပါတယ်။ ဒဏ်ရာကို ပုံမှန်သန့်ရှင်းရေးလုပ်ပြီး ပတ်တီးကို ပုံမှန်လဲပေးတာကြောင့်ပိုးဝင်တဲ့ အန္တရာယ်ကင်းဝေးပြီး အနာကျက်မြန်စေပါတယ်။

– နေ့စဉ် ဗီတာမင်စီမှီဝဲပါ
နေ့စဉ်နေ့တိုင်း ဗီတာမင်စီမှီဝဲတာကြောင့် အနာကျက်နှုန်းမြန်စေပါတယ်။ ဒါ့အပြင် ကိုယ်ခံအားစနစ် အားကောင်းစေပါတယ်။

– အနာပေါ် ပတ်တီးအုပ်ပါ
ခွေးကိုက်လို့ သွေးထွက်တာရပ်သွားပြီဆိုရင် အနာကို ပတ်တီးအုပ်ပြီးမြှင့်ထားပါ။

– ဗီတာမင်ဘီအုပ်စု မှီဝဲပါ
ဗီတာမင်ဘီအုပ်စု မှီဝဲတာကြောင့် ပဋိပစ္စည်းအထွက်တိုးပြီး ကူးစက်ပိုးတွေကို တွန်းလှန်နိုင်စေပါတယ်။

– ခွေးရူးကာကွယ်ဆေး ထိုးနှံပါ
ခွေးရူးရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်က တိရစ္ဆာန်ကနေလူကို ကူးစက်စေနိုင်တဲ့အတွက် ခြစ်ရာ၊ ကုတ်ရာလောက်ပဲဆိုပြီး မပေါ့ဆသင့်ပါဘူး။ ခွေးရူးရောဂါက အသက်အန္တရာယ်ရှိတာကြောင့် ခွေးကိုက်ခံရပြီး နာရီပိုင်းအတွင်း ကာကွယ်ဆေးထိုးနှံပေးသင့်ပါတယ်။
(Ref;HD)

Most Popular

Healthy Life Ad
To Top