Healthy Life Ad
Health Tips

သွားကိုက်ခြင်းအတွက် ရှေးဦးကုထုံး

၊ ငွေကြယ်စင်ယံ ၊

သွားပိုးစားတာက ကလေးအများစုနဲ့ အရွယ်ရောက်သူတွေအတွက် သွားကိုက်စေတဲ့ အဓိကအကြောင်းရင်း ဖြစ်ပါတယ်။ စားလိုက်တဲ့ အစာထဲမှာ သကြားနဲ့ ကစီဓာတ်တွေပါရင် ပါးစပ်ထဲမှာရှိနေတဲ့ ဘက်တီးရီးယားပိုးတွေက ရှင်သန်ပွားများနေနိုင်ပါတယ်။ ဒီဘက်တီးရီးယားတွေက သွားမျက်နှာပြင်ပေါ်မှာ စေးကပ်တဲ့ သွားချိုးဖြစ်လာပါတယ်။ သွားချိုးထဲရှိ ဘက်တီးရီးယားက ထုတ်လိုက်တဲ့ အက်စစ်တွေဟာ သွားကြွေလွှာကို တိုက်စားပြီး သွားပိုးစားမှု ဖြစ်လာပါတယ်။

သွားပိုးစားတဲ့အခါ ဖြစ်တတ်တဲ့ ပထမဆုံး လက္ခဏာတစ်ရပ်က ချိုတဲ့အစာ၊ အေးလွန်း/ပူလွန်းတဲ့ အစာတွေစားတဲ့အခါ ကျဉ်တာပဲဖြစ်ပါတယ်။ နောက်ပိုင်းမှာ သွားကိုက်လာတတ်ပါတယ်။ သွားကိုက်ဝေဒနာအတွက် ဆရာဝန်နဲ့ မပြသနိုင်သေးခင်မှာ အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

အဆင့်(၁) ပါးစပ်ကို ဆားရေနွေးနဲ့ ပလုတ်ကျင်းပေးပါ။

အဆင့်(၂) သွားကြိုသွားကြားထဲမှာ ကပ်ညိနေတဲ့ စားကြွင်းစားကျန်တွေ ကင်းစင်စေဖို့ သွားကြားပွတ်ကြိုး (Dental Floss) ကိုသုံးပါ။

အဆင့်(၃) သွားကိုက်တာသက်သာစေဖို့ မိမိဘာသာ ဝယ်ယူသောက်သုံးနိုင်တဲ့ အကိုက်အခဲပျောက်ဆေးကို သောက်ပါ။

အဆင့်(၄) သွားဖုံးပေါ်ကို အကိုက်အခဲပျောက်ဆေးမှုန့်တွေ၊ အက်စ်ပရင်ဆေးမှုန့်တွေ တိုက်ရိုက်လိမ်းတာမျိုးလည်း မလုပ်သင့်ပါ။ သွားဖုံးတစ်သျှူးကို လောင်ကျွမ်းစေနိုင်ပါတယ်။

သွားဆရာဝန်နှင့် ပြသင့်သောအချိန်

– အစာကြိတ်ဝါးတဲ့အခါ နာရင်၊ သွားဖုံးရောင်ရမ်းနေရင်၊ သွားဖုံးနီမြန်းနေရင်၊ ပါးစပ်ထဲမှာ အနံ့ဆိုးထွက်နေရင် ပိုးဝင်တဲ့ လက္ခဏာဖြစ်တာကြောင့် ဆရာဝန်နဲ့ပြပါ။

– သွားကိုက်တဲ့ဝေဒနာက တစ်ရက်-နှစ်ရက်ထက် ပိုကြာနေရင်၊

– သွားကိုက်တာနဲ့အတူ ဖျားနေရင်၊

– အသက်ရှူရခက်ခဲနေရင်၊ အစာမျိုရခက်ခဲနေရင် သွားဆရာဝန်နဲ့ပြပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top