Healthy Life Ad
Health Tips

ဗီတာမင်ဒီက ကိုယ်ခံအားစနစ်ကို သန်စွမ်းစေပြီး အူမကြီးကင်ဆာကို တွန်းလှန်ပေးနိုင်

စူး (ဆေးဝါးတက္ကသိုလ်)

ဒေါက်တာရှူဂျီအော်နိုရဲ့ လေ့လာမှုအရ ဗီတာမင်ဒီဟာ ကိုယ်ခံအားစနစ်ကို အားကောင်းစေပြီး အူမကြီးကင်ဆာဖြစ်နှုန်းကို လျော့ကျစေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ အကြောင်းကတော့ ဗီတာမင်ဒီဟာ တီဆဲလ်တွေကို လှုံ့ဆော်ပေးပြီး ကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေကို တွန်းလှန်ပေးနိုင်တာကြောင့် ဖြစ်ရတာပါ။ ဗီတာမင်ဒီကို နေရောင်ခြည်ကနေ ရရှိပါတယ်။ ဗီတာမင်ဒီက အရိုး တစ်သျှူးတွေသန်စွမ်းပြီး ပြန်လည်အားကောင်းဖို့အတွက် ကယ်လ်စီယမ်စုပ်ယူမှုကို အားပေးပါတယ်။ တချို့လေ့လာမှုတွေအရ ဗီတာမင်ဒီဟာ ပန်းနာရင်ကျပ်ရောဂါ လက္ခဏာတွေ၊ နှလုံးရောဂါထတာ (Heart Attack )နဲ့ နာတာရှည် နာ့ဗ်ကြောဆိုင်ရာ ရောဂါတွေမဖြစ်အောင် ကာကွယ်ပေးတယ်လို့ သိရပါတယ်။

လေ့လာမှုအရ သွေးကြောထဲမှာ လည့်ပတ်နေတဲ့ ဗီတာမင်ဒီ အများအပြားရှိတာကြောင့် အူမကြီး ကင်ဆာအကျိတ် ဖြစ်နှုန်း လျော့ကျစေတယ်လို့ သိရပါတယ်။ တခြားလေ့လာမှုတွေအရ ဗီတာမင်ဒီ အဆင့်မြင့်မားသူတွေဟာ ဗီတာမင်ဒီ အဆင့် လျော့နည်းသူတွေထက် အသက်ရှည်ရှည် နေရနိုင်ခြေ ပိုများတယ်လို့လည်း သိရပါတယ်။

Most Popular

Healthy Life Ad
To Top