Healthy Life Ad
Life Style

ဟော်မုန်းတွေ ဟန်ချက်ညီအောင် ဘယ်လိုနေထိုင်သင့်သလဲ . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ဟော်မုန်းမမျှတမှုကြောင့် အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ ကိုယ်အလေးချိန်မြင့်တက်တာ၊ ကလေးရဖို့အခက်အခဲရှိတာ၊ ဆံပင်ကျွတ်တာ၊ ဆံပင်ပါးတာ၊ လိင်စိတ်လျော့နည်းတာ၊ အိပ်မပျော်တာ၊ စိတ်ဓာတ်ကျတာနဲ့ နုံးချည့်ညောင်းညာတာတို့ ဖြစ်ကြပါတယ်။ ဟော်မုန်းဆိုတာ ခန္ဓာကိုယ်လုပ်ငန်းဆောင်တာတွေနဲ့ ဆက်စပ်မှုရှိတဲ့အရာတွေ ဖြစ်လို့ ဟော်မုန်းတွေ ဟန်ချက်ညီမျှနေအောင် သဘာဝအိမ်တွင်းကုထုံးတွေကို သုံးသင့်ပါတယ်။

– သန္ဓေတားဆေးသောက်ဆေးအစား ဟော်မုန်းမပါသော တားနည်းပြောင်းသုံးပါ

သန္ဓေတားဆေးသောက်ဆေးတွေ သောက်သုံးတာကြောင့် အီစထရိုဂျင်ဟော်မုန်းအဆင့်ကို သိသိသာသာ မြင့်တက်စေပါတယ်။ အဲဒီအခါ ခေါင်းတစ်ခြမ်းကိုက်တာ၊ ရင်သားတင်းတာ၊ စိတ်လှုပ်ရှားတာ၊ သွေးဆင်းပုံမမှန်တာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်တတ်ပါတယ်။

– ကဖင်းဓာတ်ကို လျှော့ချပါ

ကဖင်းဓာတ်ကို များများမှီဝဲတာကြောင့် ခန္ဓာကိုယ်တွင်းစနစ်ကို ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။ ကော်တီစောဟော်မုန်း မြင့်တက်လာပြီး သိုင်းရွိုက်ဟော်မုန်းအဆင့် လျော့ကျသွားလို့ပါ။ ကော်ဖီအစား လက်ဖက်စိမ်းလက်ဖက်ရည် သောက်သင့်ပါတယ်။

– လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်ပါ

လေ့ကျင့်ခန်းလုပ်ချိန်အတွင်း ခန္ဓာကိုယ်ကလိုအပ်တဲ့ ဟော်မုန်းတွေ ထွက်ရှိပါတယ်။ လေ့ကျင့်ခန်းလုပ်ချိန်မှာ ဂလင်းတွေပွင့်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ဟော်မုန်းတွေ ထွက်ရှိသွားပါတယ်။ အဲဒီအတွက် စိတ်ဖိစီးမှုအဆင့်လျော့ကျပြီး ကိုယ်ခံအားစနစ် သန်စွမ်းကျန်းမာစေပါတယ်။ တစ်ပတ်မှာသုံးကြိမ်နဲ့ တစ်ကြိမ်မှာ မိနစ် ၂၀ လောက် လေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်။

– အိပ်ရေးဝ၀ အိပ်စက်အနားယူပါ

အိပ်ရေးပျက်တာကြောင့် ဟော်မုန်းအဆင့် ဟန်ချက်မညီတာကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဟော်မုန်းအဆင့် ဟန်ချက်ညီနေအောင် ညဘက်မှာ ၁၀ နာရီဝန်းကျင်ဆိုရင် အိပ်စက်သင့်ပါတယ်။

– အဆိပ်အတောက်ဖြစ်စေသည့် အရာများစွန့်ထုတ်ပါ

တချို့အရာတွေက ခန္ဓာကိုယ်ကျန်းမာဖို့ဆိုပြီး အထူးတလည် ဖန်တီးထားတာပါ။ အဲဒီအရာတွေထဲ မှာ DEA၊ ပါရာဘန်၊ ဆိုဒီယမ်လော်ရိုင်းဆာလဖိတ်နဲ့ ပရိုပိုင်လင်းဂလိုင်ကောတို့ ပါဝင်မှုများပါတယ်။

– အူလမ်းကြောင်းကို အနားပေးပါ

ဟော်မုန်းဆိုင်ရာပြဿနာတွေကြောင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာတွေ ဖြစ်တတ်ပါတယ်။ အဲဒီအခါ သိုင်းရွိုက်နဲ့ တခြားအင်္ဂါအစိတ်အပိုင်းတွေ ထိခိုက်ရာက ခန္ဓာကိုယ်တွင်းရောင်ရမ်းမှု ဖြစ်လာပါတော့တယ်။ ဒါကြောင့် အကျိုးပြုဘက်တီးရီးယားပါဝင်တဲ့ ဒိန်ချဉ်လို အစားအသောက်တွေစားပြီး အူလမ်းကြောင်းကို အနားပေးသင့်ပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top