Healthy Life Ad
Health Tips

သင့်ကလေး ကိုယ်ခံအားစနစ်ကောင်းမွန်ပြီး ကျန်းမာစေရန်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ကလေးတွေကြီးပြင်းတဲ့အထိ အနာတရမရှိဘဲ ကျန်းမာနေစေဖို့ ကိုယ်ခံအားစနစ် ကောင်းမွန်နေရပါမယ်။ ကလေးတစ်ယောက်ကျန်းမာဖို့ အခြေခံအကျဆုံးအချက်တွေထဲမှာ အာဟာရ၊ လှုပ်ရှားမှုနဲ့ အိပ်စက်အနားယူမှု စတာတွေက လိုအပ်နေတဲ့အတွက် မိဘတိုင်းသိထားသင့်တဲ့ အခြေခံအချက်တွေကို မျှဝေလိုက်ပါတယ်။

(၁) အိပ်ရေးဝ၀ အိပ်စက်အနားယူပါ
ကလေးငယ် အိပ်စက်နေချိန်အတွင်း ခန္ဓာကိုယ်က ထိခိုက်မှုတွေကို ပြုပြင်ပြီး ပိုကျန်းမာလာအောင်ပြန်လည် ထိန်းသိမ်းပေးနေပါတယ်။ အသက် ၃နှစ်ကနေ ၁၂ နှစ်အရွယ် ကလေးတွေကတစ်နေ့မှာ အိပ်ချိန်အနည်းဆုံး ၁၀ နာရီလိုအပ်နေပါတယ်။

(၂) အာဟာရပြည့်ပြည့်ဝ၀ကျွေးပါ
ကလေးတွေကို ပြုပြင်ထားတဲ့ အစာ၊ သကြားများတဲ့အစာ စတာတွေကို မကျွေးပါနဲ့။ အာဟာရဓာတ် အပြည့်အဝရရှိစေမယ့် သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို များများကျွေးသင့်ပါတယ်။

(၃) ကိုယ်လက်လှုပ်ရှားကစားခိုင်းပါ
ကလေးတွေကို တီဗီ၊ ဂိမ်းစတာတွေနဲ့ အချိန်ကုန်မနေစေဘဲ ကိုယ်လက်လှုပ်ရှားကစားခိုင်းပါ။

ကိုယ်ခံအားစနစ် ကောင်းမွန်စေရန် လိုအပ်သောအာဟာရဓာတ်များ

– အိုမီဂါ ၃ ဖက်တီးအက်ဆစ်
အိုမီဂါ ၃ ဖက်တီးအက်ဆစ်ပါဝင်တဲ့ ငါးအဆီ၊ ငါးကြီးဆီ စတာတွေက အဆိပ်အတောက်နဲ့ ရောဂါပိုးတွေကြောင့် ဖြစ်ရတဲ့ ရောင်ရမ်းမှုကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ဦးနှောက်မှတ်ဉာဏ်ကို ကောင်းမွန်စေပြီး အာရုံစိုက် နိုင်စွမ်း တိုးစေပါတယ်။

– အကျိုးပြုဘက်တီးရီးယား
အကျိုးပြုဘက်တီးရီးယားဟာ အူလမ်းကြောင်းကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ကိုယ်ခံအားစနစ်ရဲ့ ၈၀ ရာခိုင်နှုန်းဟာ အူလမ်းကြောင်းကျန်းမာရေးအပေါ် မူတည်နေတဲ့အတွက် အကျိုးပြုဘက်တီးရီးယားပါဝင်တဲ့ အစာကို စားပေးပါ။

– ဗီတာမင် D3

ဗီတာမင် D3ကို မှီဝဲတာကြောင့် အအေးမိဝေဒနာနဲ့ တုပ်ကွေးတို့မဖြစ်အောင် ကာကွယ်ပေးပါတယ်၊ ဒါ့အပြင် အရိုးတွေကို သန်စွမ်းစေပြီး နာတာရှည်ရောဂါဝေဒနာတွေမရအောင် ကာကွယ်ပေးပါတယ်။

– မာလ်တီဗီတာမင်နှင့် သတ္တုဓာတ်များ
မာလ်တီဗီတာမင်နဲ့ သတ္တုဓာတ်တွေက ကိုယ်တွင်းဆဲလ်တွေကို အားဖြည့်ပေးပါတယ်။ အစာအများစုက ကြီးထွားနေတဲ့ ခန္ဓာကိုယ်ရဲ့လိုအပ်ချက်ကို မဖြည့်တင်းပေးနိုင်ပါဘူး။ ဒါကြောင့် ကလေးတွေကို အသက်အရွယ်အလိုက် မာလ်တီဗီတာမင်အားဆေး တိုက်ကျွေးသင့်တာ ဖြစ်ပါတယ်။

– ဗီတာမင်စီ
ဗီတာမင်စီမှာ ရောင်ရမ်းမှုကို တွန်းလှန်နိုင်တဲ့အစွမ်း၊ အင်တီအောက်ဆီးဒင့် အာနိသင်နဲ့ ပဋိဇီဝပိုးသတ်ဆေးလို ကောင်းကျိုးတွေ ရှိပါတယ်။

Most Popular

Healthy Life Ad
To Top