Healthy Life Ad
Life Style

သားသမီးနှစ်ယောက်ထက် ပိုမွေးထားသော မိဘများ သတိပြုသင့်သည့်အချက် (၃) ရပ်

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

မိသားစုတစ်ခုမှာ သားသမီးသုံးယောက် ဖြစ်လာတဲ့အခါ အကြီးဆုံးနဲ့ အငယ်ဆုံးတွေထက် အလယ်အလတ်ကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာ ဝမ်းနည်းမှုတွေကို အနည်းနဲ့အများ ခံစားရတတ်ပါတယ်။ လေ့လာမှုတွေအရ အလယ်ကလေးတွေက တခြားမောင်နှမတွေထက် စိတ်ဓာတ်ကျနိုင်ခြေ ပိုများပြီး ကိုယ်ခံအားစနစ်ကတော့ ပိုသန်စွမ်းတယ်လို့ သိရပါတယ်။ ဒါပေမဲ့ မိဘတွေရဲ ့ အာရုံစိုက်အလေးထားမှုကို ခံချင်တဲ့ အလတ်ကလေးတွေဟာ မကြာခဏဗိုက်အောင့်တာ၊ အအေးမိတာ၊ ချောင်းဆိုးတာ အစရှိတဲ့ ဝေဒနာတွေ ဖြစ်ပေါ်တတ်ကြပါတယ်။

အကြီးဆုံးကလေးတွေက မိသားစုမှာ အမြဲတမ်း ပထမဆိုတဲ့နေရာကို ယူထားပြီး အငယ်ဆုံးကလေးတွေက မိသားစုရဲ ့ အချစ်တော်ဘေဘီလေး ဖြစ်နေတဲ့အတွက် အလယ်အလတ်ကလေးတွေရဲ ့ စိတ်ထဲမှာ မိဘတွေက အကြီးနဲ့ အငယ်လောက် သူ့ကို ဂရုစိုက်မှုမရှိဘူးလို့ ထင်တတ်ကြပါတယ်။ ဒါကြောင့် သားသမီးသုံးဦးမွေးထားတဲ့အခါ အလတ်ကလေးမှာ စိတ်ဝေဒနာမရစေဖို့ မိဘတို့သိထားသင့်တဲ့ အချက်တွေကို ဖော်ပြလိုက်ပါတယ်။

(၁) ကလေးအားလုံးကို မျှမျှတတ ဆက်ဆံပါ

အလတ်ကလေးမှာ စိတ်ဝေဒနာမရစေဖို့က လေးအားလုံးကို မုန့်ကျွေးတဲ့အခါပဲဖြစ်ဖြစ်၊ အသုံးအဆောင်တစ်ခုခု ဝယ်ပေးတဲ့အခါပဲဖြစ်ဖြစ် တန်းတူရည်တူ ဝယ်ပေးသင့်ပါတယ်။ အကြီးဆုံးကလေးမွေးနေ့မှာ မွေးနေ့လက်ဆောင် ဝယ်ပေးတဲ့အခါ “သမီးနဲ့ မောင်လေးမွေးနေ့ရောက်ရင်လည်း အရုပ်ဝယ်ပေးမယ်”ဆိုတာမျိုး ပြောပြသင့်ပါတယ်။ မွေးနေ့ရောက်လာရင်တော့ မမေ့မလျော့ အရုပ်ဝယ်ပေးဖို့ အရေးကြီးပါတယ်။

(၂) အတူဂရုစိုက်ပါ

ကလေးတွေက ကစားရတာကို မက်မောပေမယ့် မိဘတွေရဲ ့ ဂရုစိုက်အလေးထားမှုကို ပိုလိုလားပါတယ်။ အကြီးတွေကို ကစားခွင့်ပေးထားပြီး အငယ်လေးကိုပဲ ပွေ့ချီကာ အပြင်ခေါ်သွားတာမျိုး အမြဲလုပ်ရင် အကြီးထက် အလတ်ကလေးက ပိုဝမ်းနည်းတတ်ပါတယ်။ အလတ်ကလေးတွေက အများအားဖြင့် မိတ်ဆွေအပေါင်းအသင်းများပြီး တေးဂီတနားဆင်ရတာကို နှစ်သက်ပေမယ့် သူတို့တွေ စိတ်ဝေဒနာရသွားတဲ့အခါ “ပုန်ကန်ပြီး မပျော်ရွှင်တတ်တဲ့ကလေး” ဖြစ်လာတတ်ပါတယ်။ အဲဒီအခါ မိဘတွေက အကြီးနဲ့အငယ်ကို ချစ်စရာကောင်းပြီး အလတ်ကလေးကို ဂျစ်ကန်ကန်လေးအဖြစ် မှားယွင်းသတ်မှတ်ကြတဲ့အတွက် ကြီးတဲ့အထိ လူဆိုးလေးဖြစ်သွားနိုင်ပါတယ်။

(၃) ကလေးအတွက် အထူးနေရာကို ဖန်တီးပေးပါ

အလတ်ကလေးရဲ ့ စိတ်ခံစားချက် မထိခိုက်စေဖို့ ကလေးအားလုံးအတွက် အထူးနေရာ ဖန်တီးပေးပါ။ အိပ်တဲ့အခါမှာလည်း အလတ်ဖြစ်လို့ အလယ်မှာအိပ်ရမယ်ဆိုပြီး သူမကြိုက်တာကို အတင်းမလုပ်သင့်ပါဘူး။ အလတ်ကလေးတွေနဲ့ ပတ်သက်ပြီး မိဘတွေက”ကျောင်းမှာအဆင်ပြေပြီး စာတော်တဲ့ကလေးဖြစ်ပေမယ့် အိမ်မှာ မောင်နှမတွေကို ရန်လိုတတ်တယ်”လို့ အများအားဖြင့် မှတ်ချက်ချတတ်ပါတယ်။ ဒါက သူတို့ကို ဂရုစိုက်အလေးပေးခံချင်တဲ့အတွက် အပြုအမူ ပြောင်းလဲသွားတယ်ဆိုတာကို မိဘတွေအနေနဲ့ အထူးနားလည်သင့်ပါတယ်။

Most Popular

Healthy Life Ad
To Top