Healthy Life Ad
Health Tips

ခေါက်ဆွဲခြောက်ထုပ် စားတော့မည်ဆိုလျှင် ပြန်စဉ်းစားသင့်သည့် အကြောင်းရင်း ၁၀

မိမိုး ( ဆေးဝါးတက္ကသိုလ် )

အဆင်သင့်ခေါက်ဆွဲခြောက်ထုပ်တွေကို တချို့လူကြီးလူငယ်တွေသာမက ကလေးတွေ တောင် စွဲစွဲလမ်း လမ်းစားလိုကြပါတယ်။ ဈေးသက်သာတယ်၊ လွယ်ကူတယ်၊ မြန်မြန် စားနိုင်တယ်၊ ပြင်ဆင်ချိန်သက်သာ တယ် . . ဒီလိုအတွေးတွေကြောင့် ခေါက်ဆွဲခြောက်ထုပ်ကို စားတော့မယ်ဆိုရင် မစားခင်မှာ ပြန်လည်စဉ်းစားနိုင်ဖို့ အကြောင်းရင်း ၁၀ ရပ်ကို အကြံပြုလိုက်ပါတယ်။

(၁) ကင်ဆာ
ခေါက်ဆွဲခြောက်ထုပ်မှာ ပါဝင်တဲ့ Styrofoam ဓာတ်ဟာ ကင်ဆာဖြစ်စေတဲ့ ဓာတ်တစ်မျိုးပါ။

(၂) အာဟာရ စုပ်ယူမှု
ခေါက်ဆွဲခြောက်ထုပ်ဟာ အသက် ငါးနှစ်အောက် ကလေးတွေအတွက် အာဟာရစုပ်ယူမှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။

(၃) ဆိုဒီယမ်
ခေါက်ဆွဲခြောက်ထုပ်တွေမှာ ဆိုဒီယမ်ပါဝင်မှု မြင့်မားပါတယ်။ ဆိုဒီယမ်ကို အလွန်အမင်း စားသုံးရင် နှလုံး ရောဂါ၊ လေဖြတ်ဝေဒနာ၊ သွေးတိုးရောဂါနဲ့ ကျောက်ကပ်ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။

(၄) ကိုယ်ဝန်ထိခိုက်ခြင်း
ကိုယ်ဝန်ရှိစဉ်အတွင်း ခေါက်ဆွဲခြောက်ထုပ်တွေကို နေ့စဉ်အလွန်အမင်း မစားသင့်ပါဘူး။ အကြောင်းက တော့ သန္ဓေသားဖွံ့ဖြိုးမှုအပေါ် သက်ရောက်စေလို့ပါ။

(၅) ကိုယ်အလေးချိန်များခြင်း
ခေါက်ဆွဲခြောက်ထုပ်တွေ စားတာကြောင့် ဆိုဒီယမ်စုပ်ယူမှု မြင့်မားပြီး ခန္ဓာကိုယ်ထဲမှာရေဓာတ် စုပ်ယူလွန်းရာက ကိုယ်အလေးချိန်များတာနဲ့ အဝလွန်တာတို့ဖြစ်လာပြီး ဖြည်းဖြည်းချင်း နှလုံးကျန်းမာ ရေးပြသနာတွေ ဖြစ်စေနိုင်ပါတယ်။

(၆) ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်
ခေါက်ဆွဲခြောက်ထုပ်မှာပါတဲ့ ဆိုးဆေး၊ တာ ရှည်ခံဆေးနဲ့ အရောင်တွေကြောင့် ပုံမှန် အမြဲစားနေရင် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ထိခိုက်စေနိုင်ပါတယ်။

(၇) အဆင်သင့်အစာ
ကာဗိုဟိုက်ဒရိတ် အပြည့်အဝပါဝင်တဲ့ ခေါက်ဆွဲခြောက်ထုပ်မှာ ဗီတာမင်၊ အမျှင်ဓာတ်နဲ့ သတ္တု ဓာတ်တို့ မပါတာကြောင့် အဆင်သင့်အစာ (Junk Food) လို့ တင်စားပြောဆိုကြပါတယ်။

(၈) အစာချေဖျက်မှု မကောင်းခြင်း
အဆင်သင့် ခေါက်ဆွဲခြောက်ထုပ်ကို ပုံမှန်စားတာကြောင့် အူလှုပ်ရှားမှုကို ပုံမမှန်ဖြစ်စေတာနဲ့ လေပွတာတို့ ဖြစ်တတ်ပါတယ်။

(၉) Propylene Glycol
ခေါက်ဆွဲခြောက်ထုပ်မှာ ပါဝင်တဲ့ ပစ္စည်း တစ်မျိုးဖြစ်တဲ့ Propylene Glycol မှာ အေးခဲမှုတား အာနိသင်ရှိတာကြောင့် ခေါက်ဆွဲတွေကို ခြောက်သွေ့မသွားအောင် လုပ်ပေးပါတယ်။ ခန္ဓာကိုယ်က ဒီဓာတ်ကို အလွယ်တကူ စုပ်ယူနိုင်ပြီး ကျောက်ကပ်၊ နှလုံးနဲ့ အသည်းထဲမှာ စုပုံသွားပါတယ်။ အဲဒီကတစ် ဆင့် ကိုယ်ခံအားစနစ်ကို အားနည်းစေပါတယ်။

(၁၀) အချိုမှုန့် (MSG)
ခေါက်ဆွဲခြောက်ထုပ်ရဲ့ အရသာကောင်းမွန်စေဖို့ အချိုမှုန့်ထည့်ထားတတ်ပါတယ်။ အဲဒီအချို မှုန့်တွေနဲ့ ဓာတ်မတည့်သူတွေဟာ ခေါက်ဆွဲခြောက်ထုပ်စားရာက ခေါင်းကိုက်တာ၊ မျက်နှာနီမြန်းတာ၊ နာကျင်တာနဲ့ ပူစပ်ပူလောင်ဖြစ်တာစတဲ့ ခံစားချက်တွေ ဖြစ်တတ်ပါတယ်။

Ref: HD

Most Popular

Healthy Life Ad
To Top