Healthy Life Ad
Q & A

အဆင်သင့်ခေါက်ဆွဲခြောက်ထုပ်နေ့တိုင်းစားရင် . . .

မေး ။ ခေါက်ဆွဲခြောက်ထုပ်တွေကို နေ့စဉ်စားရင် ဘာဖြစ်နိုင်ပါသလဲ ဆရာ။

ပါမောက္ခဦးကိုကို(ဆီးချိုနှင့် အထွေထွေရောဂါ အထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည် ။
ဖြေ ။ အဆင်သင့် ခေါက်ဆွဲခြောက်ထုပ်တွေကိုနေ့စဉ်စားတာက ကျန်းမာရေးအန္တရာယ် ပေးနိုင်ပါတယ်။ အကြောင်းကတော့ အာဟာရ တန်ဖိုးနည်းပါးပြီး ဆား(ဆိုဒီယမ်)၊ အဆီ၊ အချိုမှုန့်၊ အရသာ စတဲ့ အရာတွေပါဝင်မှု များတာကြောင့်ပါ။ ခေါက်ဆွဲခြောက်ထုပ်မှာ ပါဝင်တဲ့ဆီဟာ ချက်ပြုတ်စားသောက်နည်း မမှန်ရင် ကင်ဆာဖြစ်စေနိုင်ပါတယ်။

အချိုမှုန့် ပါဝင်တာကြောင့် သွေးတိုးရောဂါနဲ့ တခြားရောဂါဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ်။အရသာအဖြစ် အမဲသားအနံ့၊ ပင်လယ်စာအနံ့ စတာတွေကို ထည့်သွင်းထားကာ ထုတ်လုပ်တဲ့ ကုမ္ပဏီပေါ်မူတည်ပြီး အမျိုးအစားမတူပေမယ့် အများအားဖြင့် အန္တရာယ်ရှိပါတယ်။ ခေါက်ဆွဲထုပ်ကို နေ့ စဉ်အများကြီး စားရင် အစာမကြေဖြစ်တတ်ပါတယ်။ အန္တရာယ်ကင်းချင်ရင် ခေါက်ဆွဲထုပ်ကို နေ့တိုင်း မစားသင့်ပါဘူး။ တစ်နေ့ သုံး-လေးထုပ်စားတာကို ရှောင်ရပါမယ်။ ကြိုက်လို့ စားမယ်ဆိုရင်တောင် သုံးရက်မှ တစ်ကြိမ်လောက်ပဲ စားသင့်ပါတယ်။ ဒါတောင် ဟင်းသီးဟင်းရွက်များများထည့်စားသင့်တာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top