Healthy Life Ad
International

အဆင်သင့် အစာစားကျင့်က မျိုးဆက်သုံးဆက်ထိ သက်ရောက်မှုရှိစေနိုင်

၊ ကိုထက် ၊

အဆင်သင့်အစာနဲ့ အဆီအအိမ့်များတဲ့ အစာစားတဲ့ အမျိုးသမီးတွေက သူတို့မိသားစုရဲ့ နောင်မျိုးဆက်သုံးဆက်အထိ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ လေ့လာမှုအသစ်အရ သိရပါတယ်။

အမျိုးသမီးတွေရဲ့ အဆင်သင့်အစာစားတဲ့အကျင့်က သူတို့ကလေး၊ မြေးနဲ့မြစ်တွေအထိတောင် အဝလွန်ခြင်း၊ ဆီးချိုသွေးချိုရောဂါဖြစ်ခြင်းနဲ့ အရက်၊ မူးယစ်ဆေးစွဲခြင်းတွေအထိ ဖြစ်စေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။

စမ်းသပ်မှုအရကိုယ်ဝန်မဆောင်ခင်၊ ဆောင်ပြီးနဲ့ ဆောင်နေစဉ် အဆီများတဲ့ အစာစားတဲ့ ကြွက်မလေးတွေက သူတို့သွေးကြောကတစ်ဆင့် ဇီဝကမ္မဆိုင်ရာ ပြဿနာနဲ့ အဆင်သင့်အစားအသောက် စွဲလမ်းမှုတွေကို ကူးစက်သွားတာကို တွေ့ရပါတယ်။

ဇူးရစ်တက္ကသိုလ်ရဲ့ လေ့လာမှုအသစ်အရ အဆီအအိမ့်စာကို အစားများတဲ့ ကြွက်မတွေရဲ့ သားသမီးတွေဟာ အဝလွန်ရောဂါ ဖြစ်နှုန်းမြင့်မားတယ်လို့လည်း သိရပါတယ်။ အဆီများတဲ့ အစာနဲ့ ပြုပြင်ထားတဲ့အစာတွေက သားသမီးတွေမှာသာမက မြေး၊ မြစ်အထိ ဇီဝကမ္မဖြစ်ပျက်မှုဆိုင်ရာ အပြောင်းအလဲနဲ့ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေကို ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

အဆီများတဲ့အစာတွေက မျိုးဗီဇကို ပြောင်းလဲပစ်ပြီး ဇီဝကမ္မဆိုင်ရာ ဖောက်ပြန်မှုတွေနဲ့ ဦးနှောက်မှာ အဆင်သင့်အစာစွဲလမ်းမှုပြဿနာတွေကို ဖြစ်စေဟန်တူတယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။ ဟမ်ဘာဂါ၊ ပီဇာ၊ ကြက်ကြော်၊ အာလူးချောင်းကြော်စတာတွေကို အလွန်အမင်းစားတာက မျိုးဗီဇကို သက်ရောက်စေပြီး မျိုးရိုးလိုက် သက်ရောက်မှု ရှိစေတယ်လို့ ဆိုပါတယ်။ ဒီတွေ့ရှိမှုဖြစ်စဉ်က မိခင်တွေမှာသာမက ဖခင်တွေမှာလည်း အတူတူပဲ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top