Healthy Life Ad
Health Tips

အဆင်သင့်အစာစားပြီးတိုင်း ဆိုးကျိုးမဖြစ်စေရန် ဖြေဆေးအဖြစ် စားရမည့် အစာများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

တစ်ချိန်လုံး ကျန်းမာရေးနဲ့အညီစားနိုင်ရင်တော့အကောင်းဆုံးပေါ့။ လူတွေက တစ်ခါတလေအဆင်သင့်အစာကို စားမိတတ်ကြပါတယ်။ တစ်ခါတစ်ရံ စားမိတဲ့ အဆင်သင့်အစာကြောင့် ဖြစ်တဲ့ ဆိုးကျိုးကိုလျော့ကျစေဖို့ ဖြေဆေးအနေနဲ့ စားရမယ့်အစားအသောက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဟော့ဒေါ့စားပြီးသည့်အခါ ဖြေဆေး- ဂေါ်ဖီချဉ်
ဟော့ဒေါ့တွေက နိုက်ထရိတ်ပါဝင်တာကြောင့် ကင်ဆာနဲ့ဆက်နွှယ်မှုရှိပါတယ်။ ဂေါ်ဖီချဉ်မှာနိုက်ထရိတ်ကို ကင်ဆာအဖြစ် ကူးပြောင်းမှုမဖြစ်အောင် ဟန့်တားပေးနိုင်တဲ့ အစွမ်းထက် ဒြပ်ပေါင်းပါဝင်မှု မြင့်မားနေပါတယ်။

(၂)အဆီများသည့် အစာစားပြီး သည့်အခါ ဖြေဆေး- စပျစ်သီး
အဆီများတဲ့ အစာကိုစားတာကြောင့် သင့်ကိုယ်တွင်းစနစ်မှာ ထရိုင်ဂလစ်စရိုက်အဆီတွေ ပြည့်ပြီး သွေးလှည့်ပတ်မှုကို နှေးကွေးစေပါတယ်။ ဒီအချိန်မှာ အင်တီအောက်ဆီးဒင့် ပါဝင်မှုများတဲ့ စပျစ်သီးတစ်ခွက်ကို စားပေးရင် အဆီများတဲ့အစာကြောင့် ရမယ့်ဆိုးကျိုးတွေကို လျော့ကျစေပါတယ်။

(၃) ဆားကဲသည့်အစာစားပြီးသည့်အခါ ဖြေဆေး- ချောကလက်
ဆားကဲတဲ့အစားအသောက်တွေကို စားပြီးချိန်မှာ အညိုရောင်ချောကလက်လေးထောင့်တစ်ကွက်စာပမာဏ စားပေးလိုက်ပါ။ သွေးဖိအားကိုထိန်းပေးနိုင်ပါတယ်။

(၄) အနီရောင်အသား စားပြီးသည့်အခါ ဖြေဆေး- ဝိုင်နီတစ်ဖန်ခွက်
အနီရောင်အသား(ဥပမာ-အမဲကင်)စားပြီးချိန်မှာ ဝိုင်တစ်ဖန်ခွက်သောက်လိုက်ရင် ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက်စုပ်ယူမှုကိုလျှော့ချနိုင်ပြီး နှလုံးရောဂါဖြစ်စေနိုင်ပါတယ်။

(၅) အဆင်သင့်အစာ စားပြီးသည့် အခါ ဖြေဆေး- ချယ်ရီသီး
အဆင်သင့်အစာစားတာကြောင့် ဆဲလ် တွေကို ထိခိုက်စေနိုင်ပါတယ်။ သရေစာအဖြစ် ချယ်ရီသီး၊ ဘလူးဘယ်ရီသီး၊ စပျစ်သီးနဲ့ ကီဝီသီးတွေကို စားပေးပါ၊ ကိုယ်တွင်းစနစ်ထိခိုက်မှုမဖြစ်စေမယ့် အင်တီအောက်ဆီးဒင့်တွေကို အားကောင်းစေပါတယ်။

(၆) ကာဗိုဟိုက်ဒရိတ်များတဲ့ အစာစားပြီးသည့်အခါ ဖြေဆေး- ရှလကာရည်
ရှလကာရည်က ကာဗိုဟိုက်ဒရိတ်ပါဝင်မှုများတဲ့အစာကြောင့်ဖြစ်တဲ့ သွေးတွင်းသကြားဓာတ်မြင့်တက်မှုကို ဟန့်တားပေးပါတယ်။ ဟင်းရွက်သုပ်ထဲ ရှလကာရည်ထမင်းစားဇွန်းတစ်ဇွန်းထည့်ပြီး စားပေးရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top